Breaking News

အိုမိုဒါ - ခရစ်စမတ်


အိုမိုဒါ - ခ ရ စ် စ မ တ်

(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၃


စန်တာကလော့ဘိုးဘိုးရာ

ခရစ်စမတ်ညအခါ

ကျွန်ုပ်သားလေး မျှော်နေရှာ။


သူ၏ ခုတင်ခြေရင်းမှာ

ခြေအိတ်ကလေး ချိတ်ထားရာ

ခြေထောက်တစ်ဖက် ထည့်ပေးပါ။


လေယာဉ်ဗုံးကြဲ ရွာကလေးမှာ

ခြေထောက်တစ်ဖက် ပျောက်ရှလာ

သားကလေးအတွက် လက်ဆောင်ပါ။       ။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar