Breaking News

လင်းလက်နွေဦး - အနော်ရထာရဲ့ လှံချက်

Courtesy: Myanm/art, Myanmar

လင်းလက်နွေဦး - အနော်ရထာရဲ့ လှံချက်

(မိုးမခ) ဒီဇင်ဘာ ၂၀ ၊ ၂၀၂၃



တစ်ခါလာလည်း မိုး

တစ်ခါလာလည်း မိုးနဲ့

ဘယ်အချိန် အပျိုတော်ထွက်ရမလဲ

ရထားပျောက်‌နေတဲ့ သံလမ်းနဲ့အတူ

နှင်းပျောက်နေတဲ့ ဆောင်းမှာ

ဘာထူးလို့လဲ

တို့တတွေလည်း 

အိမ်ပျောက်နေဆဲပေါ့။


အာဏာသိမ်းခံရတဲ့ ကောင်းကင်မှာ

တပ်စွဲထားတဲ့

မုန်တိုင်းအားကိုး 

မိုးတိမ်မည်းမည်းတွေ

သည်းလိုက်မယ်ဟဲ့

ခွဲလိုက်မယ်ဟဲ့နဲ့။


အခွင့်အရေးယူ 

ကူးစက်မြန်ရောဂါပိုးတွေ

အလှိုင်းလှိုင်း ထ၊

မြေတခွင် ရှင်သန်ဖို့ ကြိုးစားနေတဲ့

ဝတ်မှုန်ထုံကူး ပုရစ်ဖူးလေးတွေ

ပိုးကျပျက်စီးမယ့် အန္တရာယ်၊

မြန်မာဟာ ကမ္ဘာပေါ်ကနေ 

ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ၊

အရှေ့ဆီက နေခြည်ဖြာပေါ့။


အောင်စစ်သည် အထောင်ထောင်နဲ့

နေမင်းဟာ

ကောင်းကင်ကို ချီတက်သိမ်းပိုက်

အလင်းရောင် ငတ်မွတ်နေတဲ့

မြန်မာဦးလူသားတွေအတွက်

ရှေ့မှာ "ရောင်နီ" လာချေပြီ။


‌နောက်ဆို

နွေမှာ နေခြည်ဖြာ

မိုးမှာ ပုလဲသီ

ဆောင်းအမီ ငွေနှင်းမှုန်

အညာစောင်တထည် ခြုံထားရုံနဲ့

တမိသားစုလုံး နွေးမယ့်အကြောင်း

ကောင်းကောင်းကြီး ကြိုသိနေပေါ့။


လင်းလက်နွေဦး

၁၃.၁၂.၂၀၂၃ 

မနက် ၈:၃၃


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar