ဖိုးရွှေညီမှိုင်း - ကဗျာဖတ်ခြင်း
Art by Than Htay Maung
ကဗျာဖတ်ခြင်း
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၃
စပယ်တွေကလည်း
ကြွေပါစေ
ပွင့်တိုင်းဖြူမှာပဲ။
ခရေတွေကလည်း
ကြွေပါစေ
ကြွေထိမွှေးမှာပဲ။
စိန်ပန်းတွေကလည်း
ကြွေပါစေ
မြေပေါ်မှာ နီလျက်ပဲ။
ပိတောက်တွေကလည်း
ကြွေပါစေ
မြေပေါ်မှာ ဝါလျက်ပဲ။
ပွင့်သည်ဖြစ်စေ
ကြွေသည်ဖြစ်စေ
ပန်းနေရာမှာ
ပန်းတွေဟာ တာဝန်ကျေမြဲ။
မှောင်ထဲမှာ တောခြောက်နေလည်း
တယောက်စကား တယောက်ကြားရ။
ဘယ်လောက်ဝေးဝေး
သွေးဝတ်မှုန်တွေ ခုန်ကူးနေကြ။
၂၀၂၃ ဒီဇင်ဘာ ၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar