Breaking News

မောင်လင်းရိပ် - ပေးလှာသော အပူဓာတ်များ

ပုံ။ Okita of the Naniwa-ya Tea-house (1790s) — Kitagawa Utamaro
ပေးလှာသော အပူဓာတ်များ
မောင်လင်းရိပ်
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၃

အောင်ဂါထာဆိုတာ ရှိ မရှိ မသေချာပေမဲ့ ဆောင်ဂါထာကတော့ သိထား ရှိထားရတယ်
ဒီသစ်ပင်အောက် နေနေပြီး ဒီအပင်ရင်းကို သေးငေါ့ပန်း။ ဒါဟာ 
မြေဩဇာရည်ဖျန်းနေတာဆိုတဲ့ ဘယ်အကောင်ရဲ့ စကားကိုမှ 
နားထောင်မနေဘူး၊ ဘယ်အကောင်ရဲ့ နှလုံးသားမှ လေးစားစရာ မရှိဘူး
ငါက ဝစီကို ကြီးအောင် မြောက်အောင် ဆောင်နည်း ထောင်နည်းကို လေ့လာတယ်
ခဏခဏ အာလုပ်ကျင်းကျင်းပစ်ရတဲ့ နံစော်စာကို မမှီဝဲဘူး အဲ့သလို
အဲ့သလို ကြိုတင် ထူးခတ်တာက အရပ်ရပ် လွင့်စင်နိုင်တဲ့ ဗုံးတစ်လုံးကို အသက်မဲ့အောင် ချုပ်တာ
တိမ်တစ်စလို ရွာချလို့ရတဲ့ အေးမြတဲ့ မိုး မဖြစ်နိုင်သေးရင် အငွေ့တလူလူနဲ့ တတူတူအသံပေးတဲ့
ဝီစီတစ်လုံးတပ်ထားရာ ရေနွေးအိုးလေး တစ်လုံးပဲ ဖြစ်ချင်တယ်
ငါ ဆူရင် မင်း အချိန်ကိုက် လက်ဘက်ခြောက်ခတ်လို့ရ၊ ဗမာလိုသောက်သောက် တရုတ်လို သောက်သောက် ဂျပန်လိုသောက်သောက်
နွေရာသီမှာ အောင်ဖို့ကောင်းတဲ့ ဆောင်ဂါထာလေးတစ်ခွက်ပေါ့
အပူတွေဟာ စွမ်းအင်အလုံးအရင်းမဖြစ်တောင် ရင်ခုန်စရာ သီချင်းလေး တစ်ပိုဒ်တလေ

၂၀၂၃၊ ဒီဇင်ဘာ ၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar