အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၁ )
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၃
18/12/23
Diary in the darkness
လွန်ခဲ့တဲ့ နှစ်ရက်က မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ကြောင်း ရုပ်သံ သတင်းတွေ တက်လာတယ်။
ဒါဟာ ညီနောင် သုံးဖွဲ့နဲ့ နွေဦးတော်လှန်ရေးအကြား စစ်ကောင်စီရဲ့ သွေးခွဲမှု မအောင်မြင်ဘူးဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ တရုတ်ပြည်ရဲ့ အကူအညီကိုတောင်းခံကာ ညီနောင်သုံးဖွဲ့နဲ့ အပစ်ရပ်ရေး ဆွေးနွေးခဲ့ပါတယ်။ အောင်မြင်ခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။
တကယ်တော့ စကစဟာ ညီနောင်သုံးဖွဲ့စလုံးနဲ့ အပစ်ရပ်တာ မဟုတ်ပါဘူး။ ညီနောင်သုံးဖွဲ့ထဲက MNDAA (ကိုးကန့်) နဲ့သာ ဒီဇင်ဘာလကုန်အထိ ယာယီ အပစ်ရပ်တာပါ။ တနည်းပြောရရင် လောက်ကိုင်မှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေ အောင်မြင်စွာ ဆုတ်ခွာရန် လမ်းဖွင့်ပေးဖို့ ညှိနှိုင်းတာပါ။ MNDAA ဘက်ကလည်း လောက်ကိုင်ကို အထိအခိုက်မရှိ သိမ်းပိုက်နိုင်မှာမို့ စစ်ကောင်စီတပ်တွေကို ပြေးပေါက်ဖွင့်ပေးခဲ့တာပါ။
ဒီအပစ်ရပ်ဆွေးနွေးပွဲဟာ လောက်ကိုင်မြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရှုံးပေးကြောင်း ဝန်ခံလိုက်တဲ့ ဆွေးနွေးပွဲပဲ ဖြစ်တယ်လို့ တော်လှန်ရေးအတွေ့အကြုံရှိတဲ့ သူငယ်ချင်း တယောက်က ရှင်းရှင်းလင်းလင်း မှတ်ချက်ပေးပါတယ်။
ဒီဇင်ဘာ ၊ ၁၇ ရက်နေ့မှာတော့ နမ်ဆန်ကို TNLA ကသိမ်းလိုက်ပြီလို့ ကြေညာချက်တွေ ထွက်လာပြန်တယ်။ ဗျူဟာမှူးကိုပါ မိထားတယ်လို့ တအောင်းတပ်မတော် TNLA ကပြောပါတယ်။ ဟော်ဝပ်ဇာ အမြောက်ကြီး တွေ အပါအဝင်၊ လက်နက်ကြီး ငယ် အမြောက်အမြားကိုလည်း သိမ်းမိကြောင်း ဓာတ်ပုံတွေနဲ့ အတူ ဖော်ပြထားပါတယ်။
ဗီဒီယို ကလစ်တခုထဲမှာတော့ တိုက်ပွဲမှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်တွေဟာ အပေါ်ပိုင်းအင်္ကျီမပါဘဲ တန်းစီ လက်မြှောက် ထွက်လာတာ တွေ့ရပါတယ်။ ကတုတ်ကျင်းထဲမှာ ပုန်းနေတဲ့ ဒဏ်ရာရ လက်နက်ချ တစ်ယောက်ကိုလဲ တော်လှန်ရေးတပ်သားတွေက မကြောက်ဖို့ပြောရင်း အသာတကြည် ဖမ်းခေါ်နေတာ တွေ့ရပါတယ်။
ရန်ကုန်မှာတော့ မြို့နယ် ဆယ်သုံးခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ တော်လှန်ရေး တပ်တွေက တိုက်ပွဲအရှိန်မြှင့်မယ် ဆိုတဲ့သတင်းတွေ လူထုကြားမှာ ပြန့်နေပါတယ်။
စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ဘုရားဒကာ ကျောင်းဒကာ ဘွဲ့ခံ အင်းစိန်လူမိုက်ကျော်ဝင်းစိန်ကတော့ ဘဝတူ ကြည့်မြင်တိုင်လူမိုက်တွေရဲ့ လက်ချက်နဲ့ လမ်းလယ်ခေါင်မှာ မရှု့မလှ အသက်ထွက့်ခဲ့ရပါပြီ။ ဘုရားဒကာ ဖွဲ့ခံ လူသတ်သမားခေါင်းဆောင်ကြီတွေ၊ အွန်လိုင်းလူလိမ် ကျားဖြန့် ခေါင်းဆောင်ကြီတွေ အလှည့် ဘယ်တော့လဲလို့ မျှော်နေမိတယ်။
လူမိုက်တွေ လူသတ်သမားတွေ လူယုတ်မာတွေက ဘုရားဒကာ ကျောင်းဒကာ ဘွဲ့ခံ နေတဲ့ တိုင်းပြည်မှာ ပြည်သူတွေ လက်နက်ကိုင်တော်လှန်ရေး သမားတွေ ဖြစ်ကုန်တာ သဘာဝ ကျပါတယ်။
ဘုရားကယ်ပါ၊ တရားကယ်ပါ လို့ တော့ ဆုမတောင်းချင်တော့ပါဘူး။
စစ်ကောင်စီ ဖိနပ်အောက်မှ ဘုရားကို ကယ်တင်ကြပါ ၊ တရားကို ကယ်တင်ကြပါ။ ပြီးမှ ကျွန်တော်တို့ကို ကယ်တင်ကြပါခင်ဗျာ။
အန်ကယ် တူမီး
18/12/23
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
18/12/23
Diary in the darkness
Uncle Tu me
Two days ago, there were television reports that the revolutionary forces wanted to occupy the 105-mile strategic hill of Muse.
This shows that the division of the military council between the three brothers and the Spring Revolution failed.
A few days ago, the military council begged for China's help and discussed a truce with the three brotherhoods. It was announced that it was successful.
In fact, it was not a truce with all three brothers. Out of the three twin groups, only the MNDAA (Ko Kang) has a temporary ceasefire until the end of December. In other words, they are negotiating to open the way for the military council troops trapped in Lauk Kai to successfully retreat. The MNDAA side was able to capture Lauk Kai without harm, so they opened the door for the military council troops to escape.
My friend who knows a lot about the revolution said that this truce meeting was when the military council accepted they lost in the Battle of Lauk Kai.
On December 17, the TNLA again announced that they had captured Namsan Township. TNLA, also known as Taang National Liberation Army, arrested a commander of the military council. He explained along with the photos that he had seized howitzer cannons and a variety of small and large weapons
In a video clip, soldiers from the military council who surrendered in battle are shown walking out together without their uniforms. They raised their hands up. One injured surrendering soldier, who was hiding in a trench, was calmly arrested by the revolutionary soldiers, assuring them not to be afraid.
In Yangon, there were bomb blasts in thirteen townships. News that the revolutionary forces will speed up the battle is spreading among the public.
Kyaw Win Sein, an Insein thug who was a pet of the military council, was killed on the road by their rivel group. The leader of the killers, online scammer and general, who have been waiting for the time of sentenced by the people.
In a country where thugs and murderers are awarded with holy degrees, it is natural for the people to become armed revolutionaries.
god save I don't want to ask for a reward anymore.
We ask. Save God from under the shoes of the military council and Save the law. Then save us.
Uncle Tu me
18/12/23
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar