ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး - ရွာထဲမှာ
(မိုးမခ) ဒီဇင်ဘာ ၂၀ ၊ ၂၀၂၃
သံဆူးကြိုးနဲ့ အကာအရံတွေကို
ကွေ့ဝိုက်ဖြတ်ကျော်ပြီး
သွားနေရတာ ကြာပြီ
ရှက်စရာကို ရှက်ရမှန်းမသိတာ
ရှက်စရာ မဟုတ်ဘူးလား
မီးပျက်နေပါတယ် မေမေ
ရေတင်လို့ ရမှာမဟုတ်ပါဘူး ဖေဖေ
အခွန်အခစုံ စာရွက်တွေ
ရယ်နေတယ် မဟုတ်လား
ညဆို ကောင်းကောင်း
အိပ်မပျော်တာ ကြာပါပြီ
အမှောင်ထဲ
ခွေးတွေ အရမ်းဟောင်တာလည်း
နှစ်ချီကြာခဲ့ပြီပဲ
ရယ်စရာဆိုလို့ သတင်းစာထဲက
သတင်းတချို့သာ ရှိရဲ့
ရွာထဲမှာ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar