နေသွင်နိုင်း - သနပ်ခါးသုံးခြစ်
နေသွင်နိုင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၄
ပန်းနုပါးပြင် လရောင်ဖြာ
လုံမငယ်သွေး ချစ်စရာ။
ဝင်းကာလဲ့ဝါ သနပ်ခါး
တရား - မျှတ - လွတ်လပ်အား။
ခွေးသားမိစ္ဆာ တောင်ကျော်ဖို့
ခရီးရှည်ကြီး ချီတက်စို့။
ရှေ့သို့မြန်ပြည် အောင်နန်းတည်
တွဲလက်ခိုင်မာ ဆင်မြန်းရည်။
နေခြည်တထောင် အားမာန်တင့်
လှသွေးကြွယ်တဲ့ အညာရှင့်။
ထက်ဆင့်ညီနောင် တိုက်တိုင်းအောင်
တိုက်ပွဲရှေ့ဆက် စွန့်စားမောင်။
ရှေ့ဆောင်လူထု ပြည်အရေး
လုံမငယ်သွေး တိုက်မောင်းကြွေး။
အညာသူမ တိုက်တဲ့တေး။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar