မင်းငြိမ်းအေး - ပြည်တွင်းစစ်
ပြည်တွင်းစစ်
မင်းငြိမ်းအေး
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄
ကိုယ့်လက်မောင်းကိုဖြတ်ချပြီးစိုက်တဲ့သစ်ပင်
မိုးသားရဲ့အပြာရောင်ကိုဆွဲချွတ်လိုက်တယ်
ငါတို့ ရှုရှိုက်နေတဲ့လေထဲ
ရှင်သန်ခြင်းအငွေ့အသက်မကျန်တော့ဘူး ။
ဗုံးခိုကျင်းထဲ
စစ်ပန်းရဲ့ဝတ်မှုန်က
သားတစ်ကွဲ၊မယားတစ်ကွဲအဆိပ်
အပုတ်နံ့ဟာ
အလောင်းကောင်တွေဆီမှတစ်ဆင့်
တွေ့ဆုံဆွေးနွေးပွဲဆီရောက်တယ် ။
ဒီနေ့
လေငြိမ်တယ်
အလံနှစ်လက်ဟာဆွဲကြိုးချသေဆုံးလို့ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar