နိုင်ထက်အေး - " နွေဦးစကား "
နိုင်ထက်အေး
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄
*ချစ်ပြုံး နှင်းဆီ မှသည်
ဘဝ သံသရာ အထိ
ဘယ်သူမှ မညာခဲ့ဘူး.....
*သုံးဆယ့်တစ်ဘုံပေါ်က
အနတ္တ တရားကို
မင်းတို့လည်း သိတတ်ဖို့တော့လိုရဲ့.....
*သူငယ်ချင်းတို့ရေ....
ပေးတဲ့ အပူတွေ
သွေးနဲ့အတူ လည်ပတ်နေသမျှတော့
ငါတို့လည်း....
*နောက်ဆုံးတော့
ရွှေရုပ်ကလေး ပေးမယ် ဆိုပြီး
'ဘကြီးအောင် ရဲ့ အညာခံခဲ့ရ'
လွမ်းပါ့....
*အချစ်ရေ....
နောက်တော့လည်း
ပြောပြီး မေ့သွားတာလား....
မေ့ပြီး ပြောသွားတာလား....
(မောင်ကျော်ဇော ရဲ့ အလွမ်းစကား)
ကျွန်တော် ခံစားရပြီ
လက်ပံပွင့်တွေက ရဲရဲနီ ။ ။
(ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၄)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar