Breaking News

စိုးရိမ် - ထုဆစ်သူများ

Art by Than Htay Maung
ထုဆစ်သူများ
စိုးရိမ်
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

မင်းရင်ဘတ်ထဲ ငါ့နှလုံးသားထည့်
ငါ့ရင်ဘတ်ထဲ မင်းနှလုံးသားထည့်
ရွက်လွှင့်ကြမယ်လေ
မီးသင့်နေတဲ့ ဒီမြေ
မေတ္တာမိုးရေနဲ့ ဆေးကြောကြမယ်
အနာဂတ်ပန်းကလေးတွေ
မွှေးမြပါစေ
အနာဂတ်အသီးလေးတွေ
ချိုအေးပါစေ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar