Breaking News

ကျော်မင်းထွန်း(NEW YORK) - စွမ်းရည်အပြည့်နဲ့လူသား

စွမ်းရည်အပြည့်နဲ့လူသား
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

စွမ်းရည်အပြည့်နဲ့လူသားမို့
“ဝင်းဖေ” အမည်ရင်းကနေ
“မောင်စွမ်းရည်” ဖြစ်လာတာ။

အဲ့ဒီလူသားဟာ
ဒီကမ္ဘာမြေမှာ မွေးဖွားလာတာ
(၈၈)နှစ်ပြည့်သွားပြီတဲ့။

(၈၈) နှစ်ဆိုတာ
သင်္ချာနံပါတ် ပညတ်ပါ
(၈၈) ကိန်းဂဏန်းဟာ
ပရမတ်သဘောလိုမျိုး
နှစ်တရာလည်း ဖြစ်နိုင်တယ်
နှစ်တထောင်လည်း ဖြစ်နိုင်တယ်။

ကဗျာစွမ်းရည်
ဝေဖန်ရေးစွမ်းရည်
ကလောင်စွမ်းရည်ကနေ ထုတ်လုပ်တဲ့
အနုပညာပစ္စည်းဆိုတာ
ပျောက်ပျက်သွားတာမျိုးမှ မဟုတ်တာ။

ကလောင်စွမ်းထက်တဲ့
“မောင်စွမ်းရည်” ကလောင်ဟာ
ကမ္ဘာတည်သရွေ့ မွေးနေ့များစွာ
တည်ရှိနေဦးမှာ
Happy Birthday ပါဆရာ။   ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar