မောင်လူမွှေး - ငတ်မှာ ကြောက်တယ်
မောင်လူမွှေး - ငတ်မှာ ကြောက်တယ်
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၆
ရဲဘော်လူငယ်တစ်ယောက် ရပ်ရွာလူထုရှေ့မှာ ခပ်ရို့ရို့ရပ်နေတယ်။ သူဟာ ပညာရေးတက္ကသိုလ်ကနေ CDM လုပ်လာတဲ့ ကျောင်းသားတစ်ယောက်။ စစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် အထက်တန်းပြ ကျောင်းဆရာလေးဖြစ်မယ့်သူ။ ဆယ်ကျော်သက်လူငယ်လေးတွေကို ပညာသင်ကြားပေးနေရမယ့်သူ။ အခုတော့ သူဟာ တော်လှန်ရေးရဲဘော် ယူနီဖောင်း ခပ်နွမ်းနွမ်းကိုဝတ်ပြီး ပြည်သူတွေရှေ့မှာ ရပ်နေတယ်။ သူ့ရဲ့ရှေ့တန်းအတွေ့အကြုံတွေကို အခြေခံပြီး ရှေ့တန်းက ရဲဘော်တွေအကြောင်းကို မိဘပြည်သူတွေကို လေးလေးစားစား တင်ပြနေတယ်။
" ကျနော်တို့ သေမှာ မကြောက်ဘူး။ ဒါပေမယ့် ငတ်မှာကြောက်တယ်။ ဆင်းရဲမှာကြောက်တယ်။ ပြည်သူတွေ ဆင်းရဲမှာ ကြောက်တယ်" လို့ သူက ပြောတယ်။ ဒီတော်လှန်ရေးရဲဘော် အရာရှိလေးဟာ စိတ်နှလုံးသား နူးညံ့သူဖြစ်တယ်။ ဂီတ၊ ကဗျာ ကို ချစ်မြတ်နိုးသူဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်နှစ် ၂၀၂၄ တုန်းက ရှေ့တန်းမှာ ကျသွားတဲ့ သူ့ရဲဘော်ကိုကြည့်ပြီး ခံစားမှုမထိန်းနိုင်ဘဲ တက်ပြီး သတိမေ့သွားဖူးတယ်။
" တကယ်တိုက်ပွဲတိုက်ရတဲ့အခါ ထမင်းစားဖို့မပြောနဲ့ ကိုယ်သောက်မယ့်ရေဗူး ကိုယ်နဲ့မကွာဆောင်ထားဖို့တောင် မလွယ်ပါဘူး" တဲ့။ သူကပြောတယ်။ မနက်အစောကြီးကတည်းကနေ ညမိုးချုပ်ထိ တစ်နေကုန်တိုက်ပွဲဝင်ပြီး ညကိုးနာရီမှ ရေသောက်ရတဲ့ ရဲဘော်တွေအကြောင်း နားထောင်ခဲ့ရဖူးတယ်။ အဲဒီရဲဘော်တွေဟာ သူ့ရဲဘော်တွေဖြစ်တယ်။
သူဟာ ရှေ့တန်းမှာ လချီနေခဲ့ပြီးနောက် ကျန်းမာရေးအတွက် ဆေးကုသခံဖို့ တပ်ရင်းကိုရောက်နေတာပါ။ " ကျနော်ရှေ့တန်းကနေ ဆိုင်ကယ်နဲ့ ပြန်ခဲ့တော့ ရွာတွေအများကြီးကို ဖြတ်ရတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ရွာတွေကို ဖြတ်ရတဲ့အခါ စိတ်ထဲမှာ အားငယ်တယ်။ ကျနော်တို့ကို ပစ်မထားကြပါနဲ့" လို့ ရဲဘော်လေးကဆိုတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အန္တရာယ်ကို ရှေ့တန်းကနေ ကာကွယ်ပေးနေကြတဲ့ ရဲဘော်တွေဟာ ရှေ့တန်းမှာ အသက်စွန့် ပင်ပန်းဆင်းရဲခံကြရတယ်။ ရှေ့တန်းကနေ ခွင့်နဲ့ခဏတာပြန်လာခိုက် ရပ်ရွာတွေကို ရောက်တဲ့အခါ သူတို့အတွက် နွေးထွေးမှုလိုအပ်တယ်။ ဖော်ရွေမှုလိုအပ်တယ်။ တချို့ရဲဘော်တွေကျတော့လည်း အသက်မဲ့ခန္ဓာနဲ့ပဲ ရွာကို ပြန်လာကြရတယ်။
" လူဆိုတာ တနေ့သေမယ်။ ကျနော်လည်း သေမယ်။ မဆန်းဘူး။ ဟိုပြီးခဲ့တဲ့ရက်ပိုင်းက ကျနော့်တို့ရဲဘော်ကျတယ်။ အသုဘလုပ်တယ်။ ကျနော်တို့ဟာ ထီးထီးကြီးကြီး ဖြစ်နေသလား .ခံစားရတာတွေရှိတယ်" လို့ သူရင်ဖွင့်ပြောပြတယ်။
တော်လှန်ရေးသာမအောင်ခဲ့ရင် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ရဲဘော်တွေဟာ ဘယ်ကိုသွားရမှန်းမသိ တောထဲတောင်ထဲမှာ နေရနိုင်သလို ပြည်သူတွေဟာလည်း စစ်အာဏာရှင်ရဲ့ ရက်စက်အနိုင်ကျင့်မှုတွေကို ခါးစည်းပြီး ခံကြရမယ်လို့လည်း သူက သတိပေးတယ်။
" ကျနော်တို့ကို ဆုံးမကြပါ။ ပစ်မထားကြပါနဲ့" ဆိုတဲ့စကားနဲ့ ရဲဘော်လေးက နိဂုံးချုပ်လိုက်တယ်။ ပရိတ်သတ်တွေရင်ထဲက ဝမ်းနည်းမှုဟာ သူတို့မျက်လုံးတွေ၊ မျက်နှာပြင်တွေထိရောက်လာကြတယ်။
ဒီရဲဘော်လေးဟာ တော်လှန်ရေး တပ်မှာတာဝန်ထမ်းဆောင်ရင်း မပြီးဆုံးသေးတဲ့ သူ့ပညာရေးကို အွန်လိုင်းကနေပြီးအောင်တက်ချင်နေတယ်။ ဒါပေမယ့် အခွင့်မရရှာသေးပါ။ ပြီးတော့ တော်လှန်နယ်မြေက ပြည်သူတွေပေးတဲ့၊ ထည့်ဝင်ကြတဲ့ အရာတွေ၊ ဂိတ်ကြေးတွေနဲ့ သံယံဇာတဝင်ငွေတွေကိုလည်း ရှေ့တန်းကရဲဘော်တွေ ထိုက်သင့်သလောက်ခံစားခွင့်ရကြပါရဲ့လား။ " ကျနော်တို့ သေမှာ မကြောက်ဘူး။ ဒါပေမယ့် ငတ်မှာကြောက်တယ်" လို့ ရဲဘော်လေးက ဆိုရှာပါတယ်။