ရဲဘော်တေး - ပုနာရာမ
ရဲဘော်တေး - ပုနာရာမ
(မိုးမခ) မတ် ၅ ၊ ၂၀၂၄
မအလကတော့ မြစ်ဧရာကမ်းနားဘေးမှာ လွမ်းတေးတွေသီ အဲ အဲ ဝရမ်းပြေး ပြည်တည်နေပြီ။
ဖက်ဒရယ်အတုလုပ် တိုင်းရင်းသားဒေသက တပ်တွေ ပြန်ရုပ်ပြီး လက်ကျန်ဒုက္ခိတတွေရယ်၊ ပုဇဉ်းတောင်ပံကျိုးလေးတွေရယ်၊ ငှက်တောင်ကျွတ်တွေရယ်၊ ရေငုပ်သင်္ဘောသီးကြီးရယ်နဲ့ ငါဟဲ့ ဗမာရှင်ဘုရင် လုပ်ချင်ပုံဘဲ။ သူ့သားလည်း မုန့်ဟင်းခါးအတွက် ငါးကန်ထရိုက်ပေးရင်းပေါ့။ နေပူတော်ဟာ မတော့တော့ပု ဆိုတဲ့ သဘော။ မင်းနေပြည် ဖြစ်ကောင်းဖြစ်နိုင်တာဆိုတော့ ဧရာဝတီသားတွေ ကုသိုလ်ပေါ့လေ။ အာ့ကျကျ ရေဇလာနဒီ ဧရာဝတီ သေနာပြည်ဘာညာ ဒူနံ့နံ ဒူနံ့နံသီချင်းတွေလည်း ပေါ်လာမှာပေါ့။ အဲသမှာ မယ်ဒလင်သမားတွေကလဲ ပေါမဟုတ်လား။ ပုသိမ်တို့ ဟင်္သာတတို့မှာ ရေဈေး အဲအဲ မြေဈေးတွေများတောင် ကြွနေပလားမသိ။ မအလကလဲ တံတားအသစ်ကြီး ဘယ်နား၊ ဘုရားအသစ်ကြီး ဘယ်နား အင်း ငါ့သားလေး တင်ဒါတွေနဲ့ ဖင်ခါနေမှာမြင်ယောင်သေးဆိုပြီး ငါးခူပြုံးတောင် ပြုံးနေလောက်ကဲ့။
AA က ကနေ့ပဲ ပြောသွားတယ်။ မအလကို ကိုင်တဲ့ ဘော်ဘော်မှန်သမျှ ကူမှာတဲ့။ သူက မကြာခင် ရေငံပိုင်ဦးရှင်ကြီး ဖြစ်တော့မှာ။ ရိုက်တိုင်းငွေထွက်မယ့် ပိုက်လိုင်းပိုင်ကိုယ်တော်ကြီးကလည်း ဖြစ်အုံးမှာ။ ကုလားတန်စီမံကိန်းနဲ့တင် ငွေဝင်ကလည်း ကြမ်းအုံးမှာ။ အင်း ငွေလှိုင်းတွေ တလှိုင်းပြီးတလှိုင်းနဲ့ တိုင်းသစ်ပြည်သစ် ထူတော့မှာ။ ရိုကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်တို့ ယူအန်တို့ နိုင်ငံတကာအဖွဲ့အစည်းတို့နဲ့ စကားပြောမလေတဲ့။ အဲလိုနော် ဆရာခိုင်သုခက စတိုင်နဲ့ မလိုင်နဲ့ နက်ကတိုင်နဲ့ ပြောသွားတာ။ တောခိုတယ်ဆိုတာ မြင့်မိုးအောင် ပြောသလို ဆိုးတာ မိုက်တာ၊ မြန်မာပေါကားတွေ ရိုက်ပြသလို တေပုတ်ပုတ်မျက်နှာနဲ့ ပေစုတ်စုတ် အဝတ်ဗလာပုံ ထင်မနေနဲ့။
မအလက ဗေဒင်သာ အားကိုးတာ၊ ယတြာသာ စွတ်ချေတာ၊ စောင်တလွဲတွေချည်း။ သူ့ဘုန်းဘုန်းတွေ ဒင်ဒင်ဆရာတွေကလည်း အရောက်ပို့နေသလားတောင် ထင်ရ။
တလောကလဲ ဥဩ ၁၄ ကောင် ယတြာချေခိုင်းသတဲ့။ တကယ့် ငစားတွေ။ အဲဒီကတည်းက ငှက်တွေ တဖုတ်ဖုတ် ပြုတ်ကျတာ၊ ပုဇဉ်းတောင် အဆစ်ပါကရော။ ဥဩ ဆိုတာ ရင်ကွဲနာကျတဲ့ကောင်လေ။ မျက်ရည်တွေတွေ စီးပဇေရိုက်ချက်။ အဲ အဲ သူက အတိတ်တဘောင်တွေတော့ အိတ်ဆောင်မလုပ်ရဲ၊ ကြောက်တယ်။ အတိတ်တဘောင်တွေ မှန်သမျှ သူ့သေတွင်း သူ့ဘာသာတူးရမယ့်ဟာတွေချည်းဆိုတော့ အဲသာတွေတော့ ကြောက်သယ်ရယ်။ ခုကို ရွှေပေါ်ကျွန်းဆရာတော်ကြီးတဘောင် ရာခိုင်နှုန်းပြည့်ဖို့က ဘယ်လောက်မှ မလိုတော့ဘူး။ "မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်" ဆိုတာလေ။ "ထိုနေ့အခါ မင်းမိစ္ဆာ မသာပေါ်လိမ့်မည် အဲအဲ ဟုတ်ပေါင်၊ ထိုနေ့အခါ မင်းမိစ္ဆာ ယတြာဘယ်လိုကောင်းကောင်း တပေါင်းမကျော်ပြီ" တဲ့လေ။ ခုကို သူ့ထောက်ပို့လမ်းကြောင်းတွေက ပိတ်ကုန်ပြီ။ အိန္ဒိယရော တရုတ်ရော နယ်စပ်ဂိတ်တွေလည်း ပိတ်နေပြီ။ ဝ က မကြိတ်သေးလို့ ဝဂိတ်လေး ကျန်တာ။ ဒါလည်း သိပ်သွားသာ လာသာတာ မဟုတ်။ အခွန်အတုတ်က အုပ်ချက်။ သူ့ဆို စျေးပိုကြီးအုံးမယ်။ ရေလမ်းလေးကျန်နေလို့ ဟန်ကိုယ့်ဖို့လုပ်ခွင့်သာတာ။ အဲဒါကို ကြည့်တိကြက်တက် မောင်းချောက်မှန်တဲ့ကြက်လို ကြောက်အားလန့်အားနဲ့ ပုသိမ် ရွေ့ဖို့ကြံတယ်။
စနည်းအရဆို "ပုသိမ်" ဆိုတာ "ပုသေ" ဘဲ အနက်ထွက်တာလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar