ခိုင်မျိုး - ရွာထဲမှာ
Art by Than Htay Maung
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မတ် ၅၊ ၂၀၂၄
ပိတ်မိသွားတဲ့အခန်းက
ဖွင့်ထွက်သွားလို့မရတာမှာ
မဟုတ်တာ
နှင်းတွေအရမ်းကျနေတဲ့မြို့
မြေတွေခြောက်သွေ့ပက်ကြားအက်နေတဲ့တိုင်းပြည်
သင်တီးနေတဲ့ဗုံနဲ့မတူတဲ့
သူတို့ရဲ့တူရိယာ
ရှုံးနိမ့်နေတဲ့စစ်ဝါဒီတို့ရဲ့မြို့
အမျိုးမျိုးသောလူများရဲ့ကမ္ဘာမဟုတ်လား
တချို့အရာများကသင့်ကိုထားခဲ့
ဥပမာ
ပျိုမြစ်နုနယ်သောနေ့များနှင့်ပျော်ရွှင်ခြင်း
တချို့အရာများကိုသင်ကထားခဲ့
သည်လိုပဲမဟုတ်လား
မနက်ကျတံခါးကိုဖွင့်လိုက်
ရဲရဲသာဖွင့်လိုက်ပါ
နမ်းရှိုက်လိုက်ဖို့
မလွတ်မြောက်နိူင်သေးတဲ့
အနုဿယအရောင်အရိပ်တို့ဟာ
အသင့် .....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar