မောင်ဘဦး - ဂိမ်းသီဝရီ
မောင်ဘဦး - ဂိမ်းသီဝရီ
(မိုးမခ) မတ် ၆ ၊ ၂၀၂၄
အမက, အလက, အထက, အဆောင်ကျောင်းသားဘဝ၊
ကိုယ်သိတဲ့ ဂိမ်းသီဝရီကတော့၊
'ကြက် - အကြီး၊ ဖဲ - အစီး'တဲ့။
တိုက်ကြက်မှာ၊
အလုံး,ဒေါက်,အသက်,အောက်စ(စပါး ခေါ် အတက်),
အသည်း(သတ္တိဗျတ္တိ), သဘာ(နိုင်ပွဲများ) ကောင်းကောင်းမှ။
ကြက်ကိုင်ကလည်း ကောင်းမှ။
ကြီးတုန်း, စီးတုန်း၊ ဖိခေါ်,ဖိထောင်း၊
ကြေး ဖိလောင်းထားမှ။
ဖဲရှူံးနေတဲ့သူကို ပိုက်ဆံချေးပြီး
ဆက်ရိုက်ရင် ကိုယ်ပဲ နာသတဲ့။
'အောက်ပြုတ်'၊ အသက်ဆက်တတ်သတဲ့။
'ကြွေတစ်လက်,ကြက်တစ်ခုန်'သီဝရီကျတော့၊
ကံကို ယိုးလွန်းလှသလိုပဲ။
ဘာပဲဖြစ်ဖြစ်
သည်တုန်းက ဟစ်အော်မိတဲ့ သီချင်းလေးကတော့
'ဘရားသားရေ ဇေပါတယ်၊ ငွေသာအရင် မ,စ,ပါ။'
မန်းနီးသီဝရီအတိုင်း ဆက်သွားနေသလိုပဲ။
နောက် သီဝရီတစ်ခု၊
စာမေးပွဲအောင်ဖို့က ဒီလိုမှ၊
တကယ် တတ်ဖို့ကျ ဟိုလိုမှ။
ဒါလည်း ဂိမ်းသီဝရီ ပါပဲ။
ပို့စ်ဂရက် ဘွဲ့လွန်အပြီး လက်တွေ့ဖီးမှာ၊
ဂိမ်းသီဝရီတစ်ခု တိုးလာတာက၊
ကျောချမှ ဓါးပြမှန်းသိ။
အာပေါက်အောင် ပြောတုန်းက မသိ။
'ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊ သေမှ ခင်'၊ လူတွင်မကျင့်ရာ ဆိုပါငြား၊
အင်ပျူတေးရှင်၊း ခြေလက်ဖြတ်တောက်ဖို့ ကောင်ဆဲလင်း၊
တိုင်ပင်အကြံဉာဏ်ပေးခြင်းမှာ...၊
တစ်ရက်ဖြင့်လည်း စဉ်းစားပါဦးမယ် တိုင်ပင်ပါဦးမယ်၊
တစ်ရက်ဖြင့်လည်း စဉ်းစားပါဦးမယ် တိုင်ပင်ပါဦးမယ်၊
နောက်ဆုံးတော့ ကွယ်...၊
ပုပ်၊ ပွ၊ လာဗာ'တွေကျ၊ ဆက်ပတီဆီးမီးယား'ရ၊ မနေနှိုင်လွန်းတော့မှ၊
'ဖြတ်ပါတော့မယ် ဆရာရယ်'။
ဖန်ရှင်မပျက်၊ အကောင်းချန်ချင်တာ ချန်လို့မရတော့တဲ့ အချက်။
ဂိမ်းသီဝရီ၊
ဆက်သာ ရေးပြရရင်၊
ငွေလိမ်ဂိုဏ်းဝင် ထင်နေလိမ့် ...
မောင်ဘဦး (၈၅၊ တွဲကျော် ၁၀)