ရတနာပုံဆရာမှတ်ကြီး - ထိုင်တော်မူဆော် လှိုင်ဆော်သူပေါ်
ထိုင်တော်မူဆော် လှိုင်ဆော်သူပေါ်
ရတနာပုံဆရာမှတ်ကြီး
(မိုးမခ) မေ ၂၈ ၊ ၂၀၂၄
ဒီတခါ ဘုရားဒဂါ လှိုင်ဆော်တာက ထိုင်တော်မူကိုယ်တော်ကြီး။
ကိုယ်တော်ကြီးလဲ အလိုတော် မပြီးဘူးဆိုပါတော့။ ထိုင်တော်မူဆော်တော့ လှိုင်ဆော်သူပေါ်ပြီလို့ စနည်းထွက်။ အင်း စနည်းအရဆို မီးစက ရင်ဝထောက်ပလား၊ ဖင်ဝထောက်ပလားပေါ့လေ။ လက်တကမ်းက လူတလူထူးကဘဲ မူစကူဒူးမယ်ဆိုတဲ့ သဘော။
အကုသိုလ်အရှိန်ကလဲ တထိန်ထိန်တောက်သကိုးနော့။ အညာအကြေ တောင်တန်းတွေ အကုန် လုံးက ဒင်း မီးတိုက်မီးထိုး အမျိုးမျိုးယုတ်ကန်းထားတဲ့အပူလုံးကလည်း နေမင်းကြီးတောင် စာ ရင်းထဲ မထည့်ကြတော့တာကြည့်။ ဒီအပူ ဒီအဆူတွေ တလူလူ လှိမ့်တက်အောင်ဖျက်ပြီးရင်း ဖျက်ဆီးနေတဲ့ မိစ္ဆာမနိုင် မင်းအောင်လှိုင်အဖို့ သူ့အပူက သူ့ပြန်လောင်ချိန်တိုင်ပြီ ဆိုတာကို ထိုင်တော်မူဘုရားကြီးကို မြေတူးစက် သံလက်မနဲ့ ဖျက်ချလိုက်တာက ပြပြီပေါ့။
ကြည့်လေ၊ ဖျက်ချခံရတာကိုက "လှိုင်သာယာ" နော်။ ငလှိုင် သာယာတာ ပျက်ပြီလေ။ "ကျွန်းကြီး" ရွာနော်။ ကျွန်းဆိုတာ အားထားမှီခိုရာ၊ ကျွန်းကြီးဆိုတော့ တကယ့်မှီခိုရာကြီး။ အဲဒါကြီးကို ဖျက်ဆီးပစ်လိုက်တာ။ ရွာတွင်မက ဘုရားပါ ဖြိုတာနော်။ ကိုးကွယ်ရာပါပြိုပြီဆိုတဲ့သဘော။ ပြီးတော့ ဖြိုတဲ့ဘုရားက ထိုင်တော်မူနော်။ ဒါက ထိုင်တော်မူတည်ထားတဲ့ မာရဝိဇယဓာတ်တွေကို သင်းကွပ်ပစ်လိုက်တာဘဲလေ။ မာရဝိဇယ အရှိန်ကို သတ်ပစ်လိုက်တာလေ။ ပိုဆိုးတာက ဖျက်တဲ့လက်နက်က မြေတူးစက်။ အမြစ်ပါ လှန်ခံရတော့မယ်ဆိုတဲ့ နိမိတ်။
ကဲ မင်းအောင်လှိုင်ကို ဘယ်သူ ကြိတ်မလဲ စဉ်းစားကြ။ ဝန်းရံကြ။ သူ့ထက် နံရော နေ့ရော မြင့်နေတဲ့ တဦးပဲ။ အရင်က နေ့နဲ့ နံပဲ မြင့်ပြီး ဓာတ်မမြင့်သေးလို့ မလုပ်သေးတာ။ ရန်ပယ်ဓာတ် မမြင့်သေးလို့။ အခု မအလမှာ မာရဝိဇယ = ရန်အောင်ဓာတ်ပြယ်ပြီ ဆိုတော့ ပုန်းလည်း မလွတ်၊ ရုန်းလည်း မကျွတ်၊ ဗုန်းဗုန်းလဲ လဖွတ်ကိန်းဆိုက်ပြီ ဆိုပါတော့။
သရေကြိုးမင်းအောင်လှိုင်ရေ.... တတိုင်းပြည်လုံးကို မီးလောင်တိုက်သွင်း ညှဉ်းဆဲမပြတ် သတ် ဖြတ်မဝ နင့်ရဲ့အကုသလဘီးကြီး တပတ်ပြည့်ခရီးရောက်ပြီ မှတ်ပေတော့။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar