အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၉ )

(မိုးမခ) မေ ၂၆ ၊ ၂၀၂၄25/5/24 - Diary in the darkness (အန်ကယ် တူမီး)၊ သရုပ်ဖော် - အောင်ထက်
မိုးရွာ။ အပူချိန်လျှော့ကျ။ နေသာထိုင်သာရှိ။ လျှပ်စစ်မီး တနေ့ ၈ နာရီ ပြန်လာ။
ရခိုင် AA က တမြို့ပြီးတမြို့ ဆက်တိုက်သိမ်းပိုက်တဲ့သတင်းတွေ တက်နေ။
လူမျိုးရေး ဘာသာရေး ပြသနာကြီးကျယ်မှ လူတွင်ကျယ်လုပ်ခွင့်ရသူတွေက ဒီမိုကရေစီတိုက်ပွဲကို လူမျိုးရေး ဘာသာရေး တိုက်ပွဲအဖြစ် ဦးစားပေးပုံဖေါ်ဖို့ကြိုးစားနေ။
သူတို့က စစ်ကောင်စီနဲ့ လေသံတူညီ နေပြီး မြေပြင်သတင်းမှားတွေဖြန့်ကာ ကမ္ဘာ့ လူထု ကို အမြင်မှားအောင်လုပ်နေ။
ဒါကြောင့် ကမ္ဘာ့ အမြင်နဲ့ မြေပြင်အခြေအနေ ကွာဟနေ။ AA ရဲ့ အောင်ပွဲအရှိန်လျှော့သွားမှာကို တော်လှန်ရေး ထောက်ခံတဲ့ မြန်မာ လူထုက စိုးရိမ်နေ။
ကချင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေ။ KIA က တရက်ကို စစ် ကောင်စီစခန်း သုံးခုလောက် သိမ်းပိုက်နေ။ ဝိုင်းမော်နဲ့ လိုင်ဇာကားလမ်းပေါ် မှာ စစ်ကောင်စီစခန်းတွေ လုံးဝ မရှိတော့။ တိုက်ပွဲတွေက မြစ်ကြီးနားနဲ့ နီးကပ်လာ။
KIA က တရုတ်နယ်စပ်ကို ကျောပေးထားရပြီး စစ်ကောင်စီကို တိုက်ခိုက်နေရတာမို့ နိုင်ငံရေးအရ အလွန်ပါးနပ်တဲ့ ဆက်ဆံရေး ကို သုံးပြီး စိန်ခေါ်မှုများကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ နောက်တကြောင်းက အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ ရင်းနှီးတဲ့ဆက်သွယ်မှုရှိနေတာကလည်း တရုတ်အတွက် ခိုးလိုးခုလုဖြစ်စရာပါ။ မြောက်ပိုင်း ညီနောင် သုံးဖွဲ့လောက်တော့ တရုတ်ကလွမ်းမိုးမှု မရှိနိုင်တာ သေချာပါတယ်။
ရပ်ကွက်ထဲမှာကတော့ ရာအိမ်မှူးက စစ်သားမစုဆောင်းနိုင်လို့ နှုတ်ထွက်မယ် ဆိုတဲ့သတင်း၊ သူ့နေရာမှာ စစ်သားသစ် တရာကျော်စုဆောင်းဖို့ စာရင်းပြုစုထားတဲ့ သူက နေရာယူဖို့ အသင့်ဖြစ်နေပြီဆိုတဲ့သတင်း တွေကလွှမ်းနေပါတယ်။
မိုးကျပြီဆိုတော့ အိမ်နီးနားချင်းတွေက စားပင်အမျိုးမျိုးကို အိမ်တိုင်ရာရောက် လိုက်စိုက်ပေးကြပါတယ်။ ဒီနှစ် သရက်သီးတွေ လှိုင်လှိုင်ပေါလို့ လက်ဆောင်တွေ အများကြီးရပါတယ်။ ဝယ်စားရင်တော့ တစ်လုံးတစ်ထောင်မို့ ဝယ်မစားနိုင်ပါ။
တနိုင်ငံလုံး အခြေအနေဆိုးနေချိန်မှာ အိမ်နီးချင်းကောင်းတွေနဲ့ နီးနီးကပ်ကပ်နေခွင့်ရတာ ကျေနပ်စရာပါ။
အန်ကယ် တူမီး
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar