Breaking News

ရဲဘော်တေး - ခွေးစကား

ရဲဘော်တေး - ခွေးစကား

(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၄

"ဟေ့ကောင် မင်း ခွေးစကားမပြောနဲ့" 

သူတို့သားသမီးက တော်တော်ဆိုးဆိုးဝါးဝါး ကျေးဇူးကန်းစကားမျိုးထိ ပြန်ပြောပြီဆို မိဘတွေဆီက ကြားရတတ်တဲ့စကား။ 

ခုလဲ "ပြည်သူတွေဟာ နိုင်ငံကို ပျက်စီးအောင် လုပ်နေတဲ့ အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားတွေ" လို့ ခွေးစကားပြောပြီလေ။ 

ဇွန် ၇ ရက်က ပြုလုပ်တဲ့ ခွေးကောင်စီ အစည်းအဝေးမှာ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ခုခံတော်လှန်စစ်ကို သက်ဆိုင်ရာ ဒေသခံပြည်သူများကသာ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေတဲ့ အရိပ်နေနေ၊ အခက်ချိုးချိုး ပြုလုပ်သူတွေ ဖြစ်တယ်လို့ ဂျလေသူခိုး ငါးမြွေထိုး သရေကြိုးက ပြောသွားတာ။ 

ဒါဟာ ပြည်သူတရပ်လုံးကို သတ်ချင်သလို သတ်လို့ရတယ်လို့ လူသိရှင်ကြား အမိန့်ပေးတာပါပဲ။ ၈၈ ဖြစ်တော့ နေဝင်းက "စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဖူး၊ တည့်တည့်ပဲ ပစ်တယ်" လို့ စစ်တပ်ကို မြှောက်ပင့်ပေးပြီး လစ်ပြေးသွားတာမျိုးပဲလေ။ ဒီမသာကလည်း မင်းတို့ သတ်ရစ်ကြလို့ပြောပြီး လစ်ပြေးဖို့ ကြံတာ။ 

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဘယ်သူ့ကို AA က အသိအမှတ်ပြုမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ "မြန်မာပြည်သူတရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်" လို့ မြင်ကြောင်း ခိုင်သုခက ပြည်သူကို ဦးထိပ်ပန်ဆင် စကားပြောသွားချိန် ခွေးကတော့ အဖေရယ်အမေရယ် ဘယ်သိနိုင်မလဲ၊ ခွေးကိုး။ အခု သရေကြိုး ပြောသွားပုံက အရွယ်လေးရောက်တော့ အမေ တက်ခွချင်လို့ အဖေ ပြန်ကိုက်တဲ့ ခွေးရဲ့ မာန်ဖီသံနဲ့ တထပ်တည်းပါပဲ။ အင်း ခွေးဦးစီးလို့ ခွေးတပ်ဖြစ်တာ ဘာဆန်းလဲလို့ဘဲ ပြောရတော့မယ်။ တပ်က ကောင်တွေ စစ်ခွေးလို့ ပြောရင် နာတတ်ကြတာတောင် ဒီတခါတော့ နာပါတယ်လို့ မဟရဲလောက်တော့ဘူး။ ခွေးဖြစ်ကြောင်း ခွေးချုပ်မှူးကြီးကိုယ်တိုင် အူတဲ့ အူတဲ့ပြီး သက်သေပြပြီ မဟုတ်လား။ 

ရက္ခိုင်ပြည်နယ်မှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်၊ ရက္ခိုင်ပြည်နယ်ရှိ ဘယ်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမယ့်မူဝါဒ AAမှာ အခိုင်အမာရှိတယ်လို့ပါ ခိုင်သုခက ထုတ်ပြောလိုက်တော့ လက်ပံနဲ့ ဂွေးတောက် ပြေးသောက်မိသလို ခွေးတယောက်တော့ ကြမ်းပြင်မှာသွားရည်ရွှဲရွှဲနဲ့ လူးလဲ ဂူးဂဲ ဗြူးဗြဲလုပ်နေမှာ မြင်ယောင်မိသေး။ ဘာတဲ့....

"မြန်မာစစ်တပ် စစ်သမိုင်းမှာ သူတို့အလုပ်နိုင်ဆုံး အအောင်မြင်ဆုံးကိစ္စက ပြည်သူလူထုတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ် အနိုင်ကျင့်မှုတွေ၊ နောက်ပြီးလို့ရှိရင် အလုံးစုံ ဖျက်ဆီးရေးပါ၊ အားလုံးကို ဖျက်ဆီးရေး။ တစ်ခုမကျန် ပြောမယ်ဆို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ရှိသမျှ အဆောက်အအုံတွေ မူဝါဒတွေ သူတို့က အားလုံးကို ဖျက်ဆီးပါတယ်။ မြန်မာစစ်တပ် အလုပ်နိုင်ဆုံးနဲ့ အအောင်မြင်ဆုံးက အလုံးစုံဖျက်ဆီးရေး မူဝါဒဖြစ်ပါတယ်။ အခုလည်း စစ်တွေ ဗျိုင်းဖြူရွာမှာ အစုလိုက်၊ အပြုံလိုက်  သူတို့တွေ ဝင်ရောက်လာပြီး လူမျိုးရေး အမုန်းတရားတွေအပေါ် အခြေခံပြီး ရမ်းကားသတ်ဖြတ်တယ်” လို့ ခိုင်သုခက ပြောသွားပြန်ပါသေးတယ်။ 

ဒါဟာ သေးလူးတဲ့ ခွေးရူးရဲ့ သွေးရူးသွေးတန်း ခွေးကန်းလမ်းတက် မြင်မြင်သမျှ စွတ်စွက်ကိုက်ဆွဲအုံးမှာလို့ သတိပေးတာပါပဲ။ 

ကလေးတွေ အိမ်ထဲသွင်း အားလုံးဝိုင်းဝန်းပြီး ရပ်ထဲ ရွာထဲ ဝင်လာသမျှ ခွေးရူးတွေ ရှင်းရမှာပါဘဲ။ ခွေးရူးအကိုက်ခံရပြီး ခွေးရူးရောဂါ မကူးအောင် ခွေးမှုထမ်းဥပဒေကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်ကြရမှာပေါ့။ 

အဓိကကတော့ တိုင်းပြည်ထဲ ဝင်လာတဲ့ ခွေးရူးကြီး မင်းအောင်လှိုင်ကို ကိုင်ဖို့ အမြီးချိုးပြီး နှုတ်သီးကို ဖုတ်ကျည်းဖို့ ရွှေသည်လဲပါ ဒေါ်လာသမားလည်း ငြိမ်မနေ တပ်ထဲက ဗိုလ်တွေလည်း ကိုယ့်မိန်းမသူများ အစားမခံဖို့ တပ်ပြင်က ဗိုလ်ပြုတ်တွေလည်း ကိုယ့်အထုပ်ကို သူများမအုပ်ဖို့ ကိုယ့်သားမယားကို ပထွေးများ ပိုင်းမခုတ်ဖို့ ဝိုင်းသုတ်ကြစို့လို့ အကြံကောင်းနဲ့ သံချောင်းခေါက်ပါကြောင်း။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar