Breaking News

ကျော်မင်းထွန်း(နယူးယောက်) - ညှပ်ဖိနပ်ကလေး

ကျော်မင်းထွန်း(နယူးယောက်) - ညှပ်ဖိနပ်ကလေး

(မိုးမခ) ဇွန် ၁၅ ၊ ၂၀၂၄


လုံးပါးပါးသလို

တစ်နေ့ တခြား

ပါး..ပါး..သွားတယ်။


အောက်မှာ..

ပွန်းရှတာ ခံရတယ်

အလယ်မှာ..

ပွတ်တိုက်တာခံရတယ်

အိုကွယ်..

အပေါ်က ဖိတာလည်း ခံရတယ်။


သိပ်များများ

မျှော်လင့်မထားပါဘူး

ကြိုးပြတ်သွားတဲ့တစ်နေ့

အမှိုက်ပုံနဲ့

ဆုံတွေ့ဖို့လောက်ပါပဲ။     ။

•••••••••••

Sandals


Dwindling away

Day by day

It becomes thinner and thinner.


Underneath...

has to withstand abrasions.

In the middle...

has to withstand friction.

O! Above...

has to withstand the pressure.


It hasn’t expected much.

Just to one day accept it’s fate

Into the trash

when its straps have broken.


KyawMinHtun(NEW YORK)

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar