တိုးနှောင်မိုး - သားက ကဗျာဆရာပါ မေမေ
သားက ကဗျာဆရာပါမေမေ
တိုးနှောင်မိုး
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၄
အလံကိုငေးကြည့်ပြီး
အတွေးတစ်ခုကိုချရေးတယ်
ကျနော်
နိုင်ငံတော်ကိုချစ်တယ်။
မေမေရေမွှာပေါက်တော့
နိုင်ငံတော်ကတော်လှန်ရေးမဖြစ်သေးဘူး
အရင်းရှင်က
အရင်းသေနေတုန်း
အာဏာရှင်ဟာ
မသေမရှင်အာဏာနဲ့လက်ဝါးကြီးအုပ်တုန်း
ပျားဟာ
ပျားအုံဆီရောက်လာတယ်။
မေမေ
မေမေ့နိုင်ငံတော်မှာ
ဘယ်သွေးတွေနီနေလည်း
သူရဲကောင်းဝါဒထက်
ကြယ်သေဝါဒရှင်သန်ခဲ့ပြီ
မြစ်တွေဟာဘယ်တော့မှမသေဘူး။
မေမေ
အမေ့ပန်းခင်း
အလွမ်းသတင်းနဲ့ကြိုပါ
ကမ်းအတွင်းမှာပန်းခြင်းတွေရောက်လာပါလိမ့်မယ်
မေမေ့သားတွေသမီးတွေကဗျာ
ကြယ်တွေလိုလင်းနိုင်ငံအလံလင်းပါလိမ့်မယ်။
၂၃၇၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar