"အုန်းပင်ပေါ်က ပြုတ်ကျလာတယ်လို့များ ထင်နေလား …” အင်တာနက်မှာ ပေါက်တဲ့နေတဲ့ ကမ်မလာဟဲရစ်ပြောလိုက်တဲ့စကား
နိုင်ငံတကာသာဂိ (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၄
ဒုသမ္မတ Kamala Harris ၏ ထူးထူးဆန်းဆန်း ပြောစကားတခုဖြစ်တဲ့ “အုန်းပင်ပေါ်က ပြုတ်ကျလာတယ်လို့များ ... ထင်နေသလား” ဆိုတဲ့ စကားကို ယခု ပရိတ်သတ်အကြား ကိုးကားစရာ စကားအဖြစ် ခေတ်စားနေသည်။ အင်တာနက်မှာ ပေါက်နေပါသည်။
သမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ်ရွေးကောက်ပွဲကနေ နုတ်ထွက်ပြီးနောက် ၎င်းဒုသမ္မတ ဟဲရစ်က အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို အရှိန်မြှင့်နေစဉ် ထိုစကားကိုးကားမှု ပြန့်နှံလာခြင်းဖြစ်သည်။ Harris ကို ထောက်ခံကြောင်းပြသရန် ဆိုရှယ်မီဒီယာပေါ်တွင် အုန်းပင် စကားကိုးကားချက်ဖြင့် အားပေးသူများနှင့် အခြားနိုင်ငံရေးသမားများပင်လျှင် အုန်းသီးအီမိုဂျီများနှင့် ထောက်ခံမှုများ ပြသနေကြပါသည်။
"အုန်းပင်" ကိုးကားချက် ဟာရီ့စ်က ဘာကြောင့် ဘယ်တုန်းက ပြောတာလဲ။
Harris သည် မေလ 10၊ 2023 တွင် အိမ်ဖြူတော်၌ ပညာရေးဆိုင်ရာ တန်းတူညီမျှမှု၊ ထူးချွန်မှုနှင့် စီးပွားရေးအခွင့်အလမ်းများ တိုးတက်မြင့်မားရေးဆိုင်ရာ သမ္မတ၏ အကြံပေးကော်မရှင်တွင် တာဝန်ထမ်းရန်အတွက် ကတိသစ္စာပြုနေစဉ် Harris သည် ၎င်း၏ "အုန်းပင်" အကြောင်း ပြောကြားခဲ့သည်။
Harris က ပညာရေးပေါ်လစီတွင် တန်းတူညီမျှခွင့်၏ အရေးပါမှုကို ပြောကြားခဲ့ပြီး ကျောင်းသားတိုင်းသည် မတူညီသော နောက်ခံငွေကြေးအရင်းအမြစ်များနှင့် ၎င်းတို့ ကြီးပြင်းလာရသည့် မတူညီသောပတ်ဝန်းကျင်အပေါ် မူတည်၍ လာကြသည်ဖြစ်စ်ရာ သူတို့၏အောင်မြင်ရေးအတွက် အားလုံးအတွက် တူညီသောအခွင့်အလမ်းများရကြခဲ့မည်မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ သူမသည် “ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ တဦးတည်းသီးသန့် နေထိုင်နေကြရတာ မဟုတ်” ပြောလိုက်သည်။
” အရာအားလုံးဟာ ဆက်စပ်နေပါတယ်” ဟု သူမ၏ မိန့်ခွန်းအပြီးတွင် ကိုယ်ပိုင်ပုံတိုပတ်စကို မပြောပြမီ အစိုးရပေါ်လစီတွင် ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ သာတူညီမျှမှု ဖန်တီးခြင်းသည်အရေးပါသလို၊ မိဘ၊ အဘိုးအဘွားများနှင့် လူမှုအသိုင်းအဝိုင်း၏ ကလေး၏လိုအပ်ချက်များအတွက် ပံ့ပိုးပေးမှုပေါ်တွင်လည်း မူတည်ကြောင်း ၎င်းကဆိုသည်။ “ကျွန်မအမေက တစ်ခါတလေမှာ ကျွန်မတို့အပေါ် အလွန်တင်းကြပ်ပါတယ်။ အရမ်းမောင်းတယ်ပေါ့။ 'မင်းတို့ကလေးတွေ ဘာတွေလွဲနေသလဲ ငါမသိတော့ဘူး။” လို့ ပြောတတ်တယ်။ မင်းတို့ကိုယ်မင်းတို့ အုန်းပင်ကနေ ပြုတ်ကျလာတယ်လို့ နေထင်လား။" လို့ဆူတတ်ပါတယ်လို့ Harris က ရယ်မောရင်းပြောသည်။ "သင်သည် သင်၏ ဖြတ်သန်းမှုများကနေ သင်၏ဘ၀ကို ဖြစ်တည်လာခြင်း ဖြစ်သည်” လို့ သူ က ရှင်းပြပါသည်။
“အုန်းပင်” ကိုးကားချက်သည် ဆိုရှယ်မီဒီယာတွင် အထူးသဖြင့် TikTok တွင် ပျံ့နှံ့သွားခဲ့ပြီး သုံးစွဲသူထောင် ပေါင်းများစွာသည် Harris ၏ မှတ်ချက်ကို အသံအဖြစ် အသုံးပြုထားသော ဗီဒီယိုများကို တင်ခဲ့ကြသည်။ အသုံးပြုသူများသည် “အုန်းပင်” ဝါကျမတိုင်မီနှင့် အပြီးတွင် Harris ၏ လေသံပြောင်းလဲမှုမှ လေးနက်သော အသံပြောင်းသွားခြင်းနှင့် ကိုးကားချက်သည် နောက်ခံဇာတ်ကြောင်းဆက်စပ်မှုသာ မရှိပါက ဘာအဓိပ္ပါယ်မှ မရှိပုံတို့ကို ဟာသလုပ်ခဲ့ကြသည်။
အဆိုပါကိုးကားချက်ကို ရီပတ်ဘလစ်ကန်များနှင့် ဟားရစ်ကို ဆန့်ကျင်သူများကလည်း ဝေဖန်မှုတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ GOP War Room YouTube အကောင့်သည် သဘောထားကွဲလွဲမှုများ သို့မဟုတ် လစ်ဟာမှုများဖြစ်စေသော ဒီမိုကရက်တစ်နိုင်ငံရေးသမားများ၏ဗီဒီယိုဖိုင်များကို ပို့စ်တင်သည့်နေ့တွင် Harris ၏ “အုန်းပင်” ကိုးကားချက်ဗီဒီယိုကို တင်ခဲ့ပြီး ကြည့်ရှုသူပေါင်း 137,000 ကျော်ရှိလာခဲ့သည်။
အမှန်တော့ ဟဲရစ်၏ အုန်းပင်ပေါ်ကပြုတ်ကျသည်ဟု ဥပမာတင်စားချက်မှာ မြန်မာတွေ ပြောသလိုဆိုရင် “ရွှေဇွန်းကိုက်ပြီး မွေးလာတယ်” ဟု ပြောဆိုချက်နဲ့ ဆင်တူမည် ဖြစ်သည်။ ဘယ်သူမှ အုန်းပင်ပေါ်က ပြုတ်ကျမလာပါဘူးလို့ ပြောကြားချက်သည် ဟဲရစ်တို့၏အာရှနွယ်ဖွားများကြားတွင် နားလည်နိုင်သော်လည်း အနောက် တိုင်း၏ဥပမာအနေဖြင့် နားစိမ်းသဖြင့် ဟာသသဖွယ်ဖြစ်ခဲ့ကြပြီးနောက် အခု ဟဲရစ် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မည့်အခြေအနေသို့ ဘွားခနဲ ဆိုက်ရောက်လာသောအခါတွင် ဟဲရစ်ကို သူမ၏စကား အုန်းပင်ပေါ်ကပြုတ်ကျသည်နှင့်တိုက်ဆိုင်ပြီး ဂုဏ်ပြုစကား ပြောကြခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar