ဂျွန်ဘွား - ဘောလုံးပွဲကြည့်ခြင်း
ဂျွန်ဘွား
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၄
ကျနော်တို့ ငယ်ငယ်က
ဘရာဇီးဘောလုံးလောက မှာ
ပီလီ
နိုင်ငံတကာ မှာ ပီလီ ပေါ့။
ကျနော်တို့ လူလတ်ပိုင်းမှာတော့
ပီလီ ကကွင်းထဲမှာမရှိနိုင်တော့ဘူး။
ဒါပေမယ့်
သူ့ဂုဏ်သတင်း ကတော့
ကျန်ခဲ့တာပဲ။
ကွင်း ထဲမှာတော့
ပီလီ မဟုတ်ပေမယ့်
ရော်ဘတ်တို ကားလို့စ်
ဒွန်ဂါ
ရော်နယ်ဒို
ရိုမာရီယို
ဆိုခရေးတီ
ရောနယ်ဒင်ဟို တို့
စသည်ဖြင့်
ပီလီလိုပဲ
ဘရာဇီး သားတွေဟာ
ပီလီ ကျော်ကြားသလို
လောလုံးပညာထူးချွန်သူတွေ ဖြစ်လာကြတာပဲ။
ဘရာဇီသား တွေ
မျိုးဆက် အလိုက်
နိုင်ငံတကာ မှာ ထင်ရှားတာပဲ။
ဆာဘော်ဘီချာလတန်နောက်မှာ
အဂ်လန် ဂုဏ်ဆောင်ဘောလုံးသမားတွေ မှအများကြီးပဲ
မာရာဒိုနာ အလွန် မှာ
မက်ဆီ လို
အခြား အခြားသော နိုင်ငံတွေမှာလည်း
ရှေ့ ကလူကိုလွမ်းနေရုံမဟုတ်ပဲ
ရှေ့ က လူ နောက်မှာ
ရှေ့ကလူ ကို ဂုဏ်ပြုအမှတ်ရဖို့
လူငယ်တွေ အစားထိုးဝင်ရောက်လာကြပုံ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar