ဘိုင်ဒင် ဒုတိယသက်တမ်း အရွေးမခံတော့၊ အမေရိကန်ဒုသမ္မတက သမ္မတအဖြစ် ဝင်ရောက် ပြိုင်မည်ဟု ဆန္ဒပြု

နိုင်ငံတကာသာဂိ၊ (မိုးမခ)၊ ဇူလိုင် ၂၁၊ ၂၀၂၄
NPR News ကို မှီပြီး ရေးသည်
ဇူလိုင်လ ၁၉ နေ့စွဲနဲ့ ဘိုင်ဒင်နဲ့ သူ၏ပါတီ သတင်းဆောင်းပါး တင်ဆက်ပြီး နောက် ၃ ရက်အကြာမှာ ဘိုင်ဒင်တယောက် သမ္မတအဖြစ် ဒုတိယသက်တမ်းထပ်ဝင်မပြိုင်တော့ဘူးလို့ ခုပဲ စက်ရပ်သတင်းကြေညာလိုက်ပါတယ်။ Biden ၏ထောက်ခံမှုနဲ့အတူ လာမည့် ၂၀၂၄ အမေရိကန်သမ္မရွေးကောက်ပွဲကို Kamala Harris က ဆန္ဒရှိကြောင်းနဲ့ အနိုင်ရစေရမယ်လို့ ကတိပြုလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် ဝင်ပြိုင်မည်ဟု အမည်စာရင်းတင်သွင်းခြင်းမပြုတော့ရန် ဘိုင်ဒင် ဆုံးဖြတ်ပြီးနောက်၊ Biden သည် ဒုသမ္မတ Harris အား ဒီမိုကရက်တစ်ဆန်ခါတင်စာရင်းဝင်အဖြစ် သမ္မတဟောင်း Donald Trump ၏ ရီပတ်ဘလစ်ကန်သမ္မတလောင်းနဲ့ ယှဉ်ပြိုင်အရွေးခံရန် ထောက်ခံလိုက်ပြီ ဟု သတင်းများက ထုတ်ပြန်လိုက်ပါပြီ။
ဒုတိယသမ္မတ Harris က သူမသည် သမ္မတအဖြစ် ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်းတင်သွင်းခြင်းကို တောင်းဆိုလိုက်ပြီးအများ၏ အားကိုးယုံကြည်မှုကို ရယူပြီး ရွေးကောက်ပွဲအနိုင်ရရန်" ဆုံးဖြတ်ထားကြောင်း တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
"Donald Trump နဲ့ သူ့ရဲ့ အစွန်းရောက် Project 2025 အစီအစဉ်ကို အနိုင်ယူဖို့ ဒီမိုကရက်တစ်ပါတီကို ပေါင်းစည်းပြီး ငါတို့နိုင်ငံကို ပေါင်းစည်းဖို့ စွမ်းအားရှိသမျှ ငါလုပ်မယ်။" Harris က ပြောပါတယ်။ "ကျွန်မရွေးကောက်ပွဲနေ့အထိ ၁၀၇ ရက်ပဲ ကျန်တော့တယ်။ အတူတူ တိုက်ပွဲဝင်မယ်။ အတူတူ အနိုင်ရမယ်။"
သူမသည် ၎င်း၏ခေါင်းဆောင်မှုနှင့် တာဝန်ဆောင်မှုအတွက် Biden ကို ကျေးဇူးတင်ခဲ့ပြီး ဘိုင်ဒင်၏ နိုင်ငံရေး ဖြစ်တည်မှုသမိုင်းကို မည်သူကမျှ "မယှဉ်နိုင်" ဟု ပြောကြားခဲ့သည်။ “ကိုယ်ကျိုးမဖက်ဘဲ မျိုးချစ်စိတ်” ဖြင့် ရွေးကောက်ပွဲဲမဝင်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို သူမက အလေးအမြတ်ပြု ပြောကြားလိုက်သည်။
"သမ္မတ Biden က သူ့ရဲ့ နိုင်ငံအပေါ် တာဝန်ထမ်းဆောင်မှု သူ့ဘ၀တလျှောက်လုံး သူလုပ်ခဲ့တာပါ၊ အမေရိကန် ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံကို တခြားအရာတွေထက် ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။
Harris သည် ယနေ့ အစောပိုင်းတွင် Biden နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူတဦးက သတင်းပေးကြောင်း သိရှိရသည်။

ဘိုင်ဒင်သည် ယခုတနင်္ဂနွေနေ့ အစောပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်း၏ သမ္မတအဖြစ် ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်းတင်သွင်းခြင်း မပြုတော့ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တွစ်တာ - X တွင် သီးခြားပို့စ်တစ်ခု၌ Harris ကို ထောက်ခံခဲ့သည်။ - "ဒီနေ့ ကျွန်တော် Kamala ကို ဒီနှစ်မှာ ကျွန်တော်တို့ ပါတီရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်ဖို့ အပြည့်အ၀ ထောက်ခံအားပေးချင်ပါတယ်။ ဒီမိုကရက်တွေ စည်းဝေးပြီး Trump ကို အနိုင်ယူဖို့ အချိန်တန်ပြီ" ဟု ပြောကြားခဲ့သည်။
Harris က သူမ၏ကိုယ်ပိုင်ထုတ်ပြန်ချက်တွင် ဘိုင်ဒင်၏ထောက်ခံမှုကို ရရှိခြင်းသည် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်အဖွဲ့ အများအပြားသည် Biden နှင့် အတူ ကင်မလာဟဲရစ်ကို ဝိုင်းဝန်း ထောက်ခံကြောင်း ထုတ်ပြန်ကြသည်။ သို့သော် အခြားထင်ရှားသည့် ဒီမိုကရက်ခေါင်းဆောင်အချို့ကတော့ အဆိုပါကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြသည်။ အခြားသူအချို့ကတော့ ပါတီညီလာခံတွင် အများစုဆန္ဒကို ဖွင့်ပြီး ကိုယ်နှစ်သက်ရာအမည်စာရင်းတင်သွင်းခြင်းဖြင့် ရွေးချယ်ရန် တောင်းဆိုနေကြဆဲဖြစ်သည်ဟု ဆိုသည်။
ဒီမိုကရက်တစ် အမျိုးသားညီလာခံကို ချီကာဂိုတွင် သြဂုတ် ၁၉ ရက်တွင် စတင်မည် ဖြစ်ပါသည်။