Breaking News

အမ် တီ‌ ကေ (M T K ) - ငပလီ

Image- Credit ( Google)

ငပလီ 
အမ် တီ‌ ကေ (M T K)
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၄

ငါဟာ
ပင်လယ်ပြာပြာ ငပလီကမ်းခြေကို
သံသေတ္တာထဲ သော့ခတ်သိမ်းဆည်းမယ်ကြံရွယ်တုန်း
မုန်တိုင်းတွေ ဝုန်းဒိုင်းကြဲ လာလို့
သော့ခလောက်လည်း ပင်လယ်ကြမ်းပေါက်ထဲကျပျောက်သွားပေါ့။

စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးရေ...
ခင်ဗျားရဲ့ပင်လယ်ပြာနဲ့အိုတံငါကို ကွန်ပစ်ပြီး
သော့ခလောက်ကို ရှာဖွေခိုင်းပါဦး။

ငပလီပင်လယ်ကမ်းခြေဟာ
ရေလှိုင်းတွေ တလှိုင်းပြီးတလှိုင်း
သဲသောင်ပြင်မှာ ဖုံးအုပ်ခံရတော့မတဲ့
လှိုင်းပုတ်သံတွေ ငါတို့ကြားနေရသမို့။

ကြယ်ငါးပွင့်ဟိုတယ်တွေ ရှိတဲ့နေရာပေါ့။
ခရိုနီတွေ
ဘီလျံဒေါ်လာ နဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ
ပြီးတော့ ပတ်သက်ရာပတ်သက်ကြောင်းတွေ။

ပင်လယ်ပျော် ယောနသန်စင်ရော် ငှက်ကလေးရေ...
မုန်တိုင်းတွေ တိုက်ခတ်လာပြီ ဆိုရင်ဖြင့်
ဟိုတယ်ဇုန်မှာ ခိုလှုံပါ
ဂျင်းဘောင်းဘီဝတ်ပြီး လှိုင်းတွေနဲ့အတူ
ငါ့ဆီ အပြေးသာလာခဲ့ပေတော့။    ။

19/7/2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar