Breaking News

သစ်မွှေး - လွမ်းလို့ရေးတဲ့ကဗျာ

Art by Aung Htet
လွမ်းလို့ရေးတဲ့ကဗျာ
သစ်မွှေး
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၄

သတိရတဲ့စိတ်က
မိုးလိုပဲ
တစိမ့်စိမ့်။

သူ အဆင်ပြေရဲ့လား !
တခုခုလိုအပ်နေမလား !
ယမ်းစော်နံနေတဲ့
သားရဲတွင်းလိုမြို့ပျက်ကြီးထဲ
သူစိမ်းတရံစာတွေကြား
အားငယ်စိတ်တွေ မိုးလိုအုံ့မှိုင်းနေမလား
တွေးရင်း ကမ္ဘာကြီးပြိုကျသွားတယ်။

တစ်ချက်ချက်
ပြိုးပျက်လိုက်တဲ့အလင်းထဲ
ဟိုး ဝေးဝေးက
အတူရှိခဲ့ဖူးတဲ့ စုဖွဲ့မှုတွေ
ပြန်မရောက်ဖြစ်တော့တဲ့မြို့ရွာတွေ
ပြန်မတွေ့နိုင်တော့တဲ့မျက်နှာတွေ
ပြန်မရနိုင်တော့တဲ့ပျော်ရွှင်မှုတွေ
ပြီးခဲ့ပြီဆိုပေမယ့်
မပြီးသေးတဲ့အတွေးက
ကိုယ့်ရင်ထဲ ဒီရေလို ကမ်းအပြည့်။

တောင်းဆိုခွင့်မရှိတော့လည်း
မပြည့်မှန်းသိတဲ့ဆုကိုတောင်းရအုံးမှာပဲ
ဖွဟဲ့
တည့်တည့်တိုးပါစေ
ဒီမြို့ပျက်ကြီးထဲ မင်းနဲ့။     ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar