Breaking News

ရဲဘော်တေး - ကြိုးလှည့်

ရဲဘော်တေး - ကြိုးလှည့်

(မိုးမခ) ဩဂုတ် ၃ ၊ ၂၀၂၄


သရေကြိုးကတော့ ဖာရုံ အဲအဲ ကာလုံမှာ မြန်မာနိုင်ငံနဲ့ အသင့်လျော်ဆုံးက ဘာညာ ပလစ်တာပလေ။ အမှန်ကတော့ သူနဲ့ စစ်ခေါင်းဆောင်ပိုင်းတွေ မြန်မြန်သေပေးတာ အသင့်လျော်ဆုံးပါဘဲ။ 

ခု မသေခင် မယ်နုလို ကြွေးမဆပ်ရအောင်လို့ဆိုပြီး ရေညှိ တဝက်တပျက်နဲ့ ရှေးဟောင်းရိပ်မပျောက်တဲ့ အုတ်ကျောင်းကြီးကို ဆေးဝါတွေသုတ်ပြီး အကြွေးခါဖို့ လုပ်တယ်။ ငဝုတ်ထက် ဘာမှပိုမသိတဲ့ ငယုတ်။ အလှတရား မခံစားတတ်၊ အင်း အလှတရားမှ မဟုတ်ပါဘူးလေ၊ ဘာတရားမှမခံစားတတ်တဲ့ကောင်။ ရှေးခေတ်ဟောင်း တန်ဖိုး နားမလည်သလို ခေတ်သစ်ကိုလည်း မဖတ်ရဲနဲ့ ဓာတ်ကွဲနေတဲ့ဖွတ်။

ယတြာဆင်တာနဲ့ လွတ်လမ်းမြင်မယ် ထင်နေတာ။ ခု မိုးကုတ် မိုးမိတ် မတ္တရာ၊ ပြီးရင် မန်းလေး မေမြို့၊ အဲဒါပြီးရင် မင်းအောင်လှိုင်အလှည့်။ နောက်ဆုံးမှာ မြန်မာပြည်။ ဒီတော်လှန်ရေးက မကာရလောပ=မတလုံးချေတော်လှန်ရေး။ မလုပ် မရှုပ် မပြုတ် မိုးပေါ်ကျတွေရော၊ မသိ မတတ် မတွေး မမှန်မကန် မြေပေါ်ပြုတ်တွေရော ရှင်းတဲ့လင်းတဲ့တော်လှန်ရေး။ 

မအလကိုတော့ ကိုယ့်ဘက်ကတင် မဟုတ်ဘူး။ စိုးဝင်းကလည်း ထိုးသွင်းဖို့ချောင်းနေတာ။ ဟို အာဏာမသိမ်းခင်နှစ်တွေတုန်းက နိုင်ငံခြားမီဒီယာတခုနဲ့ တွေ့တော့ တပ်ကို ဆက်ခံနိုင်တဲ့အရည်အချင်းပြည့်မီသူမရှိလို့ ဆက်လုပ်နေရတာလို့ talkative ကတည်းက လျှော့ပစ်ချင်နေတာ။ ခုတိုင်းဆို မအလ သူ့ဘာသာသူ သေရင်တောင် သူက ကာချုပ်ဖြစ်ဖို့ မလွယ်ဘူးလေ။ သေလည်း သေ၊ တပ်လဲကုန်ဖြစ်တော့မှာကိုး။ မအလက တပ်မတော်ရဲ့ ပထမကာချုပ်မဖြစ်နိုင်တောင် နောက်ဆုံးကာချုပ်ဖြစ်ရမယ်ဆိုတဲ့ အူကြောင်ကြားသမိုင်းရူးမှန်း သူသိပြီးသား။ တပ်မကုန်ခင် ဒီလနာကို မသာလုပ်နိုင်မှ ကာချုပ်ဖြစ်ရမှာ။ သူ့ကို မအလကောင်တွေက ဒုဆိုတာ ဒုသနသောအတိုကောက်လို့ပြောတာ ခံရအခက်ဆုံး။ ကြောင်ချီးကို ဖြောင်ပြီးရင် သူ့အတွက်ကလဲ ဂေါင်မှန် အကုန်ယူလေ။ 

မအလကို လျော့ချင်တဲ့ထဲမှာ ရွှေကြီးအုပ်စုလဲပါ။ သူတို့ သားစဉ်မြေးဆက် ခံစားစံစားဖို့အုပ်ထားသမျှကို ငလှိုင်က သူခိုးပေါ် သူဝှက်လုဖို့ရယ်၊ ခြေဥလေးနဲ့ လုပ်ကိုင်စီမံကာကွယ်ထားသမျှတွေကို ခြေဥစာအုပ်ကို ချေးသုတ်ပစ်လိုက်တာတွေရယ်အတွက် ရှယ်တင်းနေတာ။ အဲဒါကြောင့် ဆရာကြောင်ချီးက သာဂေါင်ကြီးတို့အဖွဲ့ကို အကျယ်ချုပ်လုပ်ထားတာ။ လုပ်မှာပ၊ လက်နက်ခဲယမ်းမီးကျောက်ဝယ်ဖို့ တိုင်းပြည်ဘဏ္ဍာ၊ ဒေါ်လာတွေက အဲဒီဘဲနာကြီး‌တွေဆီမှာချည်းပဲလေ။ သာဂေါင်ကြီး တယောက်တည်းပဲကြည့်၊ ဂက်စ်တွေ ဘာတွေက ရတဲ့ဟာကို တဒေါ်လာ ၁၄ ကျပ်နဲ့လဲပြီး သူ့အိတ်ထဲချည်းထည့်ထားတာ၊ နှစ်ပေါင်း ဘယ်လောက်ကြာလဲ။ ဒါ ဂက်စ်တခုပဲ ရှိသေးတာ။ ကျောက်မျက်ရတနာ မပြောသေးဘူး။ တပြည်လုံးက သစ်တောကြီးတွေ ထည့်မတွက်သေးဘူး။ မအလက တိုင်းမှူးဖြစ်ကတည်းက ကျိတ်ကြံပြီး အဓိဋ္ဌာန်ချထားပြီးသား။ ဟိုအကောင် နေရွှေသွေးအောင်တယောက် ဖြုန်းနေတာကိုပဲ တွက်၊ ကာကူလေတာပျက်သွားအုံးမယ်။ ဒီကောင်က အင်္ဂလန်ဘောလုံးအသင်းတောင် ဝယ်ဖို့ သူ့အဘိုးဆီက မုန့်ဖိုးတောင်းခဲ့သေးတာ။  မအလကလည်း ခွဲတမ်း အသာတကြည်ပေးရင်တောင် ကျေနပ်မယ့်ပုံမပေါ်၊ အကုန်ပလေးမယ့်အထာ။ အဘိုးကြီးတယောက် စိလိုက်ရင်ကို တိုက်လေယဉ် အစီးသုံးဆယ်လောက် ဝယ်လို့ ရတာကိုး။ ခြောက်လုံးတန်းက ဖာတန်းသက်သက် မဟုတ်ဘူး၊ အသပြာတန်းရောမှန်း ငလှိုင်ကောင်းကောင်းသိ။ ဂေါ်ရာပုလိပ်နဲ့ ဒေါ်လာကြိတ်ခဲ့တဲ့ ကောင်ကြီးတွေချည်း ဥထားတဲ့နေရာ။ လုပ်ငန်းရှင်တွေလိုက်ကြပ်တာက နာမည်ပျက်တာပဲ အဖတ်တင်တာ၊ ဒေါ်လာက ကောင်းကောင်းရတာမဟုတ်။ ဒီကောင်ကြီးတွေ ဖုတ်လို့ကတော့ ဒေါ်လာများများရတဲ့အပြင် လက်ခုပ်သံတွေကလည်း ကြားရအုံးမှာ၊ ငလှိုင်က ဓာတ်ပြီးသား။ သာဂေါင်ကြီးလည်း ခါးပိုက်ပိုက်မိတဲ့‌ မြွေပွေးက ယဥခဲထားမှန်းကောင်းကောင်းသိပြီး ချွေးပြန်ပူလောင် မီးတောင်ပွက်နေပေါ့။ သူ နေဝင်းကို နေဝင်ချိန်မှာ ကြိတ်ခဲ့သလိုမျိုးထက် သာအောင်ကြိတ်မယ့်ကောင်ကိုမှ အားလုံးရဲ့ဆရာကြီးလုပ် ကာချုပ်ပေးခဲ့မိတာ။ အေးနေဝင်းတို့ကလည်း ဒီအကွက်ချောင်းနေတာ၊ သူ့အဘိုး သူ့အမေ အဖေနဲ့ သူတို့အတွက် ကလဲ့စားချေရမယ့် ခွင်တွေဆင်ဖို့ အာဏာသိမ်းကထဲက မအလကို ဇွတ် မဟားဒယား ထောက်ခံနေတာ။ အဲဒီသပွတ်တွေနဲ့ ဖွတ်မအလကပေါင်းပြီး သာဂေါင်ကြီးကို ပလေးတာ။ သာဂေါင်ကြီး သတ်ဖြတ်ညှဉ်းပန်း ဖမ်းဆီးနှိပ်စက်လို့ သေခဲ့ ထောင်ချခဲ့တဲ့ လူပေါင်းကလည်း ရေနိုင်တာမှမဟုတ်တာ။ မယ်နု သူ့ကျွေးရှိရင် ဆပ်ရမယ်ဆိုတဲ့ကောင်တွေချည်းပဲလေ။ အလှည့်ကျဆပ်မလား၊ တပေါင်းတည်း ဆပ်ကြမလားသာ မသိတာ။ အားလုံးကတော့ အကြွေးစာရင်း စာအုပ်ကိုယ်စီနဲ့ ကြိုးလှည့် စောင့်နေရတဲ့ကောင်ချည်းပဲ။ 






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar