ကမ္ဘာ၏ Supply Chain ပြုပြင်ပြောင်းလဲရေး
ကမ္ဘာ၏ Supply Chain ပြုပြင်ပြောင်းလဲရေး
နိုင်ငံတကာသာဂိ (မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၄Peter S. Goodman က Newyork Times သတင်းစာအတွက် ရေးတာကို ဘာသာပြန်ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင်၊ ကုမ္ပဏီကြီးများသည် မြေကြောရှုံ့ပြီး စီးပွား လုပ်ကိုင်လာနိုင်ကြသည်။ တရုတ်နိုင်ငံရှိ စက်ရုံတစ်ရုံသည် မစ်ရှီဂန်ရှိ စက်ရုံတစ်ခုနှင့် ထပ်တူ အလုပ်လုပ်နိုင်သည်။ အင်တာနက်၊ ကွန်တိန်နာ ပို့ဆောင်မှု နှင့် နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများသည် ကမ္ဘာကို ကျောချင်းကပ်စေခဲ့သည်။
သို့သော် ကြာကြာ သက်ဆိုးမရှည်ပါ။ ကပ်ရောဂါနှင့် ပထဝီဝင်နိုင်ငံရေး အုံကြွမှုများသည် ကွန်ပျူတာချစ်ပ်များ၊ အကာအကွယ်ပေးကိရိယာများနှင့် ဆေးဝါးများကဲ့သို့သော အရေးကြီးသောအရာများကို ထုတ်လုပ်ရန် အဝေးကစက်မှုလုပ်ငန်းအပေါ် မှီတည်နေရမှုသည် အန္တရာယ်များကြောင်း သိရှိလာကြသည်။
မကြာသေးမီက ကျွန်တော်သည် “ကမ္ဘာ့မှာ ရောင်းစရာကုန်နေပြီ” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ ကူးသန်းရောင်းဝယ်ရေး ဘာကြောင့် ပြောင်းလဲသွားသလဲ — နှင့် ကုမ္ပဏီများနှင့် အစိုးရများက မည်သို့တုံ့ပြန်သည်ကို နားလည်စေရန် ရေးသားခဲ့ခြင်း ဖြစ်သည်။
ကပ်ရောဂါ ရှော့ခ်
တရုတ်နိုင်ငံတွင် Covid ပေါ်ပေါက်မှုသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ ဗားရှင်းအဟောင်းကို အဆုံးသတ်သွားခဲ့သည်။ အနောက်တိုင်းစားသုံးသူများ lockdown တွင်ပိတ်နေပြီး တရုတ်စက်ရုံများကို quarantine ချခံထားရသည့်အချိန်တွင် အမေရိကန်ကလူများသည် အိမ်တွင်းကိုယ်လက်လေ့ကျင့်ခန်းကိရိယာများနှင့်အီလက်ထရွန်းနစ်ပစ္စည်းများကို တိုးပြီး မှာလာကြသည်။
ကုန်ပစ္စည်းများ ရှားပါးကျဆင်းနေချိန်နှင့် တစ်ဟုန်ထိုး ဝယ်လိုအားတို့ တပြိုင်နက်တည်း ပေါ်ပေါက်လာသောအခါ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အပါအဝင် ကုန်ပစ္စည်းများစွာအတွက် တစ်နိုင်ငံတည်းဖြစ်သော တရုတ်နိုင်ငံတခုတည်း အပေါ် မှီခိုနေရကြောင်း အခြားနိုင်ငံများက အမြင်မှန် ရလာကြသည်။ ကိုဗစ်သည် နောက်ဆုံးတွင် ခေါင်းကြီးပိုင်းမှ ပျောက်ကွယ်သွားသော်လည်း အမေရိကန်နှင့် ဥရောပရှိ မူဝါဒချမှတ်သူများနှင့် စီးပွားရေးအမှုဆောင်များသည် တရုတ်နိုင်ငံအပေါ် ၎င်းတို့၏ မှီခိုအားထားမှုကို လျှော့ချရန် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
စိုးရိမ်ရသည့် အဓိကအကြောင်းရင်းမှာ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စက်ရုံရုံမျှသာမဟုတ်၊ သမ္မတ Xi Jinping လက်ထက် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို တိုးချဲ့လာရာတွင် ပိုမိုအစွန်းရောက်သောအာဏာရှင်စနစ်လည်းဖြစ်လာသည်။ ဥပမာအားဖြင့် ရှီသည် လိုအပ်ပါက အင်အားသုံး၍ ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ယူဆောင်လာရန် ကြွေးကြော်ခဲ့သည်။ ထိုင်ဝမ်သည် ကွန်ပြူတာ ချစ်ပ်မျိုးကွဲများကို ထိပ်ဆုံးကထုတ်လုပ်သူဖြစ်သည်။
တရုတ်နိုင်ငံ၏ မဟာမိတ်များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းများတွင်လည်း ပိုမိုခိုင်မာအားကောင်းလာပါသည်။ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာတာကြောင့် ဥရောပရဲ့ စွမ်းအင်သုံးစွဲမှုကို ထိခိုက်စေသော ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရုရှားနှင့် ယူကရိန်းတို့သည် ဂျူံနဲ့ သီးနှံများ မြေဩဇာထုတ်ကုန်များ၏ အဓိက ရင်းမြစ်ဖြစ်သောကြောင့် အာဖရိကနှင့် အာရှသို့ စပါးနှင့် မြေသြဇာများ စီးဆင်းမှုကို လျော့ကျစေခဲ့သည်။
စစ်ဖြစ်နေသည့် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် ယီမင်ရှိ ဟူသီသူပုန်များသည် စူးအက်တူးမြောင်းသို့ ဦးတည်သွားသော သင်္ဘောများပေါ်ကို ဒုံးကျည်များဖြင့် ပစ်ခတ်လျက်ရှိသည်။ တုံ့ပြန်မှုအနေဖြင့် အာရှနှင့်ဥရောပအကြား ကုန်သွယ်ရေးအတွက် သွားလာနေသော ရေယာဉ်အများအပြားသည် အာဖရိကကို ဝန်းပတ်ပြီး ခရီးရှည်သွားလာနေကြသည်။ ၎င်းသည် ပို့ဆောင်ခစျေးနှုန်းများ တက်လာစေသလို ၎င်းတို့၏ ခရီးများဆီသို့ နှစ်ပတ်ခန့် တိုးလာခဲ့သည်။
ရာသီဥတု ဖောက်ပြန်မှုတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပနားမားတူးမြောင်းရှိ ရေပမာဏသည် မကြာသေးမီက ခြောက်သွေ့ရာသီအတွင်း ကျဆင်းခဲ့ပြီး ဖြတ်သန်းသွားလာနိုင်သည့် သင်္ဘောအရေအတွက်ကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
ဤတိုးတက်မှုများအားလုံးသည် ကုမ္ပဏီများအား ၎င်းတို့၏ ကုန်စည်ပို့ဆောင်ရေးကွင်းဆက်များ Supply Chain ကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးလျက်ရှိသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၏ နောက်တဆင့် -
အဓိက မဟာဗျူဟာမှာ နိုင်ငံတွေက ပြည်တွင်းမှာပဲ ကုန်ပစ္စည်းတွေ ပိုထုတ်ကြဖို့ ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုရှိ ကွန်ပျူတာချစ်ပ်များနှင့် လျှပ်စစ်ကားထုတ်လုပ်သူအား အားပေးရန် ထောက်ပံ့ရန် ဒေါ်လာဘီလီယံဆယ်နှင့်ချီသုံးစွဲခွင့်ပြုမည့် ဥပဒေတစ်ရပ်ကို သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့သည်။ ဈေးနှုန်းသက်သာသော တရုတ်လုပ် လျှပ်စစ်ကားများ ဝင်ရောက်လာမှုမှ ၎င်း၏ပြည်တွင်း မော်တော်ယာဥ်လုပ်ငန်းကို ကာကွယ်ရန် ဥရောပသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းခဲ့သည်။
ချမ်းသာတဲ့နိုင်ငံတွေကလည်း သူတို့ရဲ့အမှာစာတွေကို တခြားနိုင်ငံတွေဆီကို ပို့လာကြသည်။ ဗီယက်နမ်သည် စက်ရုံအမှာစာအသစ်များရရှိပြီး အိန္ဒိယသည် အခြားရွေးချယ်စရာ ထုတ်လုပ်သူအဖြစ် ပေါ်ထွက်လာသည်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအနေဖြင့် အိန္ဒိယသည် နောက်ဆုံးတွင် တရုတ်နှင့်အပြိုင် supply chain ထောက်ပံ့ရေးကွင်းဆက်တစ်ခု ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။ Walmart သည် ယခုအခါ တရုတ်မှ ထုတ်လုပ်ရေးအချို့ကို အိန္ဒိယသို့ ပြောင်းရွှေ့နေပါသည်။
ရေတိုတွင်၊ မက္ကဆီကိုသည် အမေရိကန်တွင် ကုန်ပစ္စည်းများစွာကို ရောင်းချသည့်ကုမ္ပဏီများအတွက် ပိုမိုလက်တွေ့ကျသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ မက္ကဆီကိုတွင် လုပ်သားစရိတ် သက်သာသည့်အပြင် အမေရိကန် စားသုံးသူများနှင့် လမ်းနှင့် မီးရထား ချိတ်ဆက်မှု ရှိသည်။ အမေရိကန် မော်တော်ကားထုတ်လုပ်သူများအတွက် အစိတ်အပိုင်းများ ထုတ်လုပ်သည့် အာရှကုမ္ပဏီများသည် မက္ကဆီကိုတွင် စက်ရုံများ တည်ထောင်နေပြီဖြစ်သည်။
Supply Chain ထောက်ပံ့ရေးကွင်းဆက်သည် လျှပ်စစ်ဓာတ်အားလိုင်းကွန်ယက်နှင့်တူသည် — မီးများ မပျက်မခြင်း ကျနော်တို့က အေးဆေးပဲဟု စိတ်သဘောထားကြသည်။ ယခု ကျနော်တို့ မီးပျက်ခြင်းကို ခံစားဖူးပြီ ဖြစ်ရာ ကျနော်တို့အတွက် ဘယ်စနစ်က ပိုကောင်းမလဲ ဆိုတာအတွက် ပိုပြီး အားထုတ်နေကြရပြီ ဖြစ်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar