Breaking News

နိုင်မွန်အောင်သွင် - ညမထွက်ရ

NA
ညမထွက်ရ
နိုင်မွန်အောင်သွင်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၄

ညမထွက်ရ
တားလို့ရမလား။

ကြယ်တွေ
ညမထွက်ရ။

လေပြည်လေညင်းတွေ
ညမထွက်ရ။

သစ်ရွက်အသစ်တွေ
ညမထွက်ရ။

ခြေညောင်းလက်ဆန့်အတွေးတွေ
လွမ်းလွမ်းဆွေးဆွေးအိပ်မက်တွေ
ညမထွက်ရ။

ဆပ်လို့မဆုံးသံသရာကြွေးတွေ
တဆက်တည်းတစပ်တည်းဖြစ်နေပျက်နေတဲ့
အနိစ္စတရားတွေ
ညမထွက်ရ။
ညမထွက်ရ
တားလို့ရမလား။

အသွားတွေလည်းရှိ
အပြန်တွေလည်းရှိ။

အစုန်တွေလည်းရှိ
အဆန်တွေလည်းရှိ။

နှင်းဆီပန်းများကိုကြည့်ကြ
တစ်ညလုံးပွင့်ချလာခဲ့လိုက်ကြတာ
စကြဝဠာလှိုင်း
မုန်တိုင်းထဲကဗျာ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar