Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၁)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၁)

(မိုးမခ) အောက်တိုဘာ ၁၀ ၊ ၂၀၂၄


စစ်ရေးဆိုင်ရာ နေရာချထားမှုတိုင်းဟာ ရေစီးဆင်းသလိုပဲ။ ရေဟာ မြင့်ရာကို ရှောင်ပြီး နိမ့်ရာကို အရှိန်နဲ့ စီးလေ့ရှိတယ်။ အင်အားကြီးတဲ့ရန်သူကို ရှောင်ပြီး အင်အားနည်းတဲ့ ရန်သူကို တိုက်ခိုက်ရတယ်။ ဒီလိုပဲ ရေဟာ စီးဆင်းရာ မြေအနေအထားကိုလိုက်ပြီး ပုံစံချတယ်။ စစ်သူကြီးဟာ ရန်သူရဲ့ လှုပ်ရှားမှုကိုလိုက်ပြီး အောင်ပွဲကို ပုံစံချတယ်။ စစ်ရေးဟာ ရေစီးသလို အဆက်မပြတ် လှုပ်ရှားမှု ဖြစ်တယ်။

ဆွန်ဇု SUN TZU ( ဘီစီ ၅၄၄ - ၄၆၉ )

၄။ ပြောင်းလွယ် ပြင်လွယ်ဖြစ်ခြင်း ( Flexibility )

ပြောင်းလွယ် ပြင်လွယ်ဖြစ်ခြင်း (Flexibility) ဟာ Sun Tzu ရဲ့ The Art of War မှာ အရေးကြီးတဲ့ စစ်ဗျူဟာတစ်ခု ဖြစ်ပါတယ်။ 

စစ်မြေပြင်မှာ အခြေအနေအရ ရန်သူရဲ့ လှုပ်ရှားမှုကို တုံ့ပြန်နိုင်ဖို့၊ ကိုယ့်အင်အားသုံးစွဲနိုင်ဖို့နဲ့ ထိရောက်မှုတွေကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ ဒီသဘောတရားကို နည်းပညာတရပ်ဖြစ်တဲ့ သေနင်္ဂဗျူဟာ (Strategic Flexibility) အနေနဲ့ သုံးနိုင်ပါတယ်။ Sun Tzu ရဲ့ အယူအဆအရ အချိန်၊ နေရာ၊ အင်အားနဲ့ အခြေအနေအရ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ သတိပေးထားပါတယ်။

အဓိပ္ပာယ်နှင့် အရေးပါမှု

ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း ( Flexibility ) ဆိုတာ စစ်ဆင်ရေးတွေမှာ အခြေအနေအရပ်ရပ်ဟာ အမြဲဆိုသလို ပြောင်းလဲနေလေ့ရှိပါတယ်။ မိမိစီမံကိန်းတွေမှာ လိုက်လျောညီထွေ အကျိုးရှိဘို့အတွက် ပြောင်းလွယ် ပြင်လွယ် ဖြစ်မယ့် နည်းလမ်းတွေကို အသုံးပြုရပါမယ်။ အသေဆုပ်ကိုင်တာမျိုးဟာ အကျိုးယုတ်စေတတ်ပါတယ်။

ပြောင်းလွယ် ပြင်လွယ် ဖြစ်မှုအတွက် သေနင်္ဂဗျူဟာများ

၁။ ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေရှိခြင်း Adaptability to Changing Conditions

၂။ ပြောင်းလွယ်ပြင်လွယ်ဗျူဟာ Flexible Strategy ကို အသုံးပြုခြင်း

၃။ အချိန်နဲ့တပြေးညီ ဆုံးဖြတ်ချက်များချခြင်း Real-Time Decision Making

၄။ ဖြစ်နိုင်ခြေရှိသော အခက်အခဲများအတွက် စီမံကိန်းများ ကြိုတင်ညှိနှိုင်း ရေးဆွဲခြင်း (Scenario Planning)

၅။ အပြန်အလှန် ပြန်လည်သုံးသပ်ခြင်း Feedback Mechanisms စတဲ့ နည်းနည်းနာတွေဟာ လက်တွေ့ စစ်မြေပြင်မှာ ကောင်းစွာ အသုံးပြုနိုင်မယ့် နည်းနာတွေ ဖြစ်ပါတယ်။

ပြောင်းလွယ် ပြင်လွယ် ဖြစ်မှုအတွက် နည်းလမ်းများ

၁။ တိုက်ခိုက်မှုနည်းလမ်းကို ပြောင်းလဲခြင်း ( Changing Attack Method )

၂။ သေနင်္ဂဗျူဟာအရ ဆုတ်ခွါခြင်း ( Tactical Withdrawal )

၃။ ပြောင်းလဲနေသော အခြေအနေများကို အသုံးချခြင်း ( Exploiting Changing Situations )

၄။ ရန်သူကို ဖြားယောင်းခြင်း ( Luring the Enemy )

၅။ ရန်သူ မထင်မှတ်သော ဗျူဟာကို အသုံးပြုခြင်း ( Unpredictable Strategies ) - ရန်သူ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာကို မမျှော်လင့်တဲ့ အင်အားနဲ့ တိုက်ခိုက်ခြင်း

၆။ စဥ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်ခြင်း ( Constant Adaptation )

၇။ ရှည်ကြာသော တိုက်ပွဲများကို ရှောင်ရှားခြင်း ( Avoiding Prolonged Engagements ) စတဲ့ နည်းလမ်းတွေက ပြောင်းလွယ် ပြင်လွယ်ဖြစ်မှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

ပြောင်းလွယ် ပြင်လွယ်နည်းများရဲ့ အကျိုးကျေးဇူး

၁။ ရန်သူကို စိတ်ရှုပ်ထွေးစေနိုင်ပြီး ဒီစစ်ဗျူဟာတွေဟာ ရန်သူ့ရည်မှန်းချက်တွေ အစီအစဉ်တွေကို ပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၂။ မိမိအင်အား အနည်းငယ်နဲ့ အမြောက်အမြားရနိုင်ပါတယ်။

အင်အားနည်းတဲ့အချိန်မှာတောင်၊ ပြောင်းလွယ် ပြင်လွယ်စွမ်းရည်က အင်အားကြီးတဲ့ ရန်သူကို အလွယ်တကူ တိုက်ခိုက်နိုင်ပါတယ်။

၃။ မိမိအင်အားကို ထိန်းသိမ်းနိုင်မှု မြင့်မားစေနိုင်ပါတယ်။ အခြေအနေတိုင်းမှာ

ပြောင်းလွယ်ပြင် လွယ်လုပ်နိုင်မှုက မိမိတပ်ရဲ့ အင်အားကို ထိမ်းသိမ်းပြီး ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။

ပြောင်းလွယ် ပြင်လွယ် စွမ်းဆောင်ရည်က စစ်ပွဲတွေမှာသေချာစွာ အသုံးချရမယ့် အရေးကြီးတဲ့ဗျူဟာ ဖြစ်ပြီး၊ အခြေအနေတွေအလိုက် အမြဲတမ်းပြောင်းလဲ တုံ့ပြန်နိုင်အောင် သေချာစီစဉ်ရပါမယ်။

၅။ အင်အားကို စုစည်းခြင်း ( Concentration of Force / Energy )

အင်အားကို စုစည်းခြင်း (Concentration of Force/ Energy) ဆိုတာ The Art of War ရဲ့ အရေးကြီးတဲ့ ဗျူဟာတစ်ခုဖြစ်ပြီး၊ မိမိရဲ့ အင်အားကို လိုအပ်ချက်အရ တနေရာတည်းမှာ စုစည်းပြီး တိုက်ခိုက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မိမိအင်အားကို ဗျူဟာမြောက်စုစည်းပြီး ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

အဓိပ္ပာယ်နှင့် အရေးပါမှု

စစ်ဆင်ရေးတွေမှာ စွမ်းအား Energy ဟာ အထူးသဖြင့် စီမံခန့်ခွဲခြင်းနဲ့ အားထုတ်မှုတွေအတွက် အရေးကြီးပါတယ်။ မိမိစွမ်းအားကို စစ်ဆင်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုနိုင်ဘို့ အထူးလိုအပ်ပါတယ်။ စွမ်းအားကို ပုံမှန်နဲ့ စစ်ဆင်ရေးတွေအတွက် စီမံခြင်းဟာ စစ်ရေးလုပ်ငန်းတခုလုံးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

စွမ်းအားကို အသုံးပြုရန် စီမံခန့်ခွဲမှုများ

၁။ စွမ်းအား အရင်းအမြစ်များ စနစ်တကျခွဲဝေမှု Resource Allocation

၂။ အာရုံစူးစိုက်ခြင်း Concentration of Effort

၃။ အားသာချက်များကို အပြည့်အဝအသုံးချခြင်း Exploitation of Advantages 

၄။ အရင်းအမြစ်များကို ထိရောက်စွာအသုံးချခြင်း Efficient Use of Resources

၅။ စဥ်ဆက်မပြတ် စစ်ဆင်ရေးများဆောင်ရွက်ခြင်း Sustainable Operations

Concentration of Force နည်းလမ်းများ

၁။ ပစ်မှတ်တခုကို ရွေးချယ်တိုက်ခိုက်နိုင်ခြင်း (Focused Attack)

၂။ တပ်ဖွဲ့များ စနစ်တကျ စုစည်းတိုက်ခိုက်နိုင်ခြင်း (Massing Troops)

၃။ ရန်သူကို လှည့်စားခြင်းနဲ့ အာရုံပြောင်းစေပြီး ချေမှုန်းနိုင်ခြင်း (Diversion and Deception)

၄။ တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်း (Counterattacks)စတဲ့ နည်းလမ်းများကို ဆောင်ရွက်နိုင်ပါတယ်။

Concentration of Force ရဲ့ အကျိုးကျေးဇူးများ

၁။ ရန်သူကို အလျင်အမြန် အနိုင်အောင်ပွဲရစေနိုင်ပါတယ်။

၂။ အင်အားနည်းနေရင်တောင် Concentration of Force ကို သုံးပြီး ရန်သူကို ထိရောက်စွာတိုက်ခိုက်ချေမှုန်းနိုင်ပါတယ်။

၃။ အကျိုးရှိစွာ စုစည်းမှုနဲ့ အကျိုးရှိစွာ တိုက်ခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

ချုပ်ပြောရမယ်ဆိုရင် Concentration of Force ဆိုတာ စစ်ပွဲအတွင်း အင်အားစုစည်းပြီး အထိရောက်ဆုံး လုပ်ဆောင်တဲ့ ဗျူဟာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်အားနည်းတဲ့ တပ်ဖွဲ့များအတွက် အကျိုးရှိတဲ့ နည်းစနစ်တစ်ခု ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar