ကိုသန်းလွင် - အနုပညာ ဖန်တီးရာဝယ်
ကိုသန်းလွင် - အနုပညာ ဖန်တီးရာဝယ်
(မိုးမခ) အောက်တိုဘာ ၃ ၊ ၂၀၂၄
(၁)
ဂီတတေးသွားများကို ဖန်တီးခဲ့ကြကြောင်းမှ စရပါလိမ့်မည်။ စီးပွားရေးအရ အောင်မြင်မှုကိုကြည့်၍ ပရိသတ် လိုချင်သည့် အရာများကိုသာ ဖန်တီးခဲ့ကြပါသည်။ လွန်ခဲ့သောနှစ်များစွာကြာအောင် စူပါဟီးရိုး ရုပ်ရှင်များ၊ ဝတ္ထုများနှင့် အခန်းဆက် တီဗွီ၊ ရုပ်ရှင်များကို ဖန်တီးခဲ့ကြပါသည်။
သို့သော် ဖြေဖျော်ရေး အနုပညာမှာ အကျပ်အတည်းကြုံနေရပါသည်။ စတူဒီယို အများအပြားက အလုပ်သားများမှာ အလုပ်ပြုတ်ခံကြရသည်။ တီဗွီစီရီးများအရေးအတွက်မှာလည်း များစွာလျော့ကျသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖြေဖျော်ရေးအပိုင်းကို Tik Tok နှင့် တယ်လီဂရမ် ပရိုဂရမ်များက ဝါးမျိုခြင်းကိုခံခဲ့ရသည်။ လူတို့သည် သူတို့ ဖုန်းများနှင့်သာ နေကြပြီး၊ အကြောင်းမှာ ရှာဖွေရ လွယ်ကူခြင်းကြောင့် သော်လည်းကောင်း၊ သူတို့ကို ဆွဲဆောင်မည့်အရာများမှာ စက္ကန့်ပိုင်းသာ ကြာပြီး သေချာအလေးထား ကြည့်ရှုစရာကမှ မပါသောကြောင့်သော်လည်းကောင်း၊ ပရိသတ်က တခုမှတခုသို့ ပြောင်း (Scrolling) လုပ်၍ ရောက်တတ်ရာရာကိုသာ ကြည့်ရှုနေကြပါသည်။
(၂)
ကျွန်တော်တို့၏ ဒိုပါမင်း (Dopamine) ပြည့်နေသော ဦးနှောက်သည် ဈေးချိုလွယ်ကူသော ပစ္စည်းများ နောက်သို့သာ လိုက်ပါနေကြသည်။ ဒိုပါမင်း ဆိုသည်မှာ လူတို့ အားရကျေနပ်နေလျှင် ဦးနှောက်တွင်းသို့ အလိုလိုစီးကျလာသည့် (Neuro transmitter) တမျိုး ဖြစ်ပါသည်။ တကယ့်အနှစ်သာရနှင့် ပြည့်စုံသော အနုပညာသည် ဘယ်ရောက်နေသည်ကို မသိရပါ။ ၁၅ စက္ကန့်သာကြာသော ဗွီဒီယို ကလစ်သည် ဦးနှောက်တွင်းသို့ ဒိုပါမင်းကို မောင်းသွင်းပါသည်။ ထိုမှတဆင့် ပိုမိုစိတ်ဝင်စားစရာ ဗွီဒီယိုကလစ်များကို ဆက်လက် ရှာဖွေပါသည်။ ပို၍စိတ်ဝင်စားစရာကောင်းသော ဗွီဒီယိုအသစ်များကို ရှာဖွေတွေ့ရှိနေကြသည်။
လူတို့သည် မိုက်ကယ်အင်ဂျလို တို့၊ မိုးဇက် တို့ကို ရှာဖွေနေခြင်း မဟုတ်ကြပါ။ ဈေးပေါသည့် ဖြစ်က တတ်ဆန်း ဖန်တီးထားသည့် အနုပညာနှင့်သာ အချိန်ကုန်နေကြရသည်။ သူတို့ ပြောသည့် ပြောင်းလဲမှုသည် လူတို့ ယဉ်ကျေးမှုနယ်ပယ်၌သာ ဖြစ်ပွားနေခြင်း မဟုတ်၊ သူတို့၏ ဘဝထဲ သို့ရောက်ရှိနေပါပြီ။ ကျွန်တော်တို့သည် မြောက်မြားစွာသော အံ့အားသင့်ဖွယ်ရာများကို တွေ့ရပါသည်။ သို့သော် ဒိုပါမင်း ထွက်လျှင်ပြီးရော အသုံးမကျသော အရာများနှင့်သာ ကြုံတွေ့နေရပါသည်။
မြေထဲပင်လယ် အစားအစာဟု ဆိုအပ်သော လူနှင့် သင့်သည့်အစားအစာများ ပေါ်ပေါက်နေပါသည်။ သို့သော် ကျွန်တော်တို့အတွက် လျင်မြန်စွာ ကျက်သည့် အစားအစာတို့သည် ဈေးတန်းဖွင့်၍ ခေါ်နေကြပါသည်။ စိတ်တက်ကြွလွယ်သည့် အရက်များ၊ ဆေးများ (Weed) များကိုသာ တွေ့နေရပါသည်။ ၎င်းတို့ သည် ကျွန်တော်တို့ ဘဝများထဲတွင် စွဲလမ်းစရာအပြင် ပေါ်လာကြပါသည်။ အလောင်းအစား လုပ်ခြင်း၊ အဝတ်အစားမပါသည့် ပုံများ၊ ဗွီဒီယိုဂိမ်းများ၊ အီးမေးလ် ရောက် မရောက် စစ်ဆေးရခြင်းများဖြင့် ကျွန်တော်တို့ အလုပ်ရှုပ်ကြရပါသည်။
သတင်းစာများ၊ ဂျာနယ်လစ်များလည်း ဖမ်းစားခြင်း ခံကြရပါသည်။ သူတို့ အလုပ်လုပ်ကြရခြင်းမှာ ပြည်သူကို သတင်းပေးရန်၊ သင်ပေးရန် ဖြစ်ပါသည်။ သို့သော် ကလစ်လုပ်လိုက်လျှင် ဘာဖြစ်မည်ဆိုသော ဝက်ဆိုဒ်များဖြင့်သာ တလောကလုံး ပြည့်နှက်နေပါသည်။ ဆိုဒ်ပေါင်းများစွာကလည်း လူတို့၏ ကျေနပ်အားရခြင်းကို အရယူနေ ဖန်တီးနေကြသည်။
ယခုအခါ ဆိုးရွားသော အကြောင်းအရာများကိုသာ လိုချင်သည့် လောကအတွင်းသို့ ချဉ်းနင်းဝင် ရောက်လျက်ရှိပါသည်။ အလွယ်တကူနှင့် စိတ်ကို နှိုးဆွပေးသည့် အကြောင်းအရာများနောက်သို့ လိုက်နေကြပါသည်။ ချက်ချင်းလက်ငင်း စိတ်သည် နှိုးဆွလာသော်လည်း ကျေနပ်အားရမှုကို တာရှည်ထိန်းမထားနိုင်ပါ။ ထို့နောက် သင်သည် အခြားစိတ်ဝင်စားဖွယ် အရာများနောက်သို့ လိုက်မိတော့သည်။ မကြာမီ ထိုအရာများကို ခုံမင်စွဲလမ်းသည့်အဖြစ်သို့ ဆိုက်ရောက်ပါတော့သည်။
အင်နာ လင်းဘက် (Anna Lembek) ရေးသည့် Dopamine Nation စာအုပ်တွင် ပျော်ရွှင်ခြင်းနောက်သို့ လိုက်သည့် ဝါဒကပင် ပျော်ရွှင်ခြင်းမရှိသည့်အဖြစ်သို့ ရောက်ရသည်ဟု ရေးသားထားပါသည်။
ကုမ္ပဏီကြီးများက လူသားတို့၏ အဖြစ်ကို ဂရုမစိုက်အားပါ။ သူတို့သည် ကျွန်တော်တို့၏ လိုအင်ဆန္ဒများ ပြည့်ဝအောင်သာ ဖန်တီးပေးကြပါသည်။ သူတို့ ရည်ရွယ်ချက်မှာ ကျွန်တော်တို့၏ ပျော်ရွှင်မှုကို ရှာဖွေခြင်းဆန္ဒကို ပြည့်ဝအောင် ဖန်တီးပေးဖို့ပင် ဖြစ်ပါသည်။ အမြဲတစေ လုပ်ချင် ကိုင်ချင်စိတ်ကို နှိုးဆွပေးပြီး ဒိုပါမင်း ထွက်လာရေးကိုသာ ဦးစားပေး ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့၏ မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော စိတ်ဓာတ်ကို ဂရုမစိုက်အားပါ။ ကျွန်တော်တို့သည် လိုအပ်သောအရာကို ရွေးချယ်ပိုင်ခွင့်မရှိဘဲ ကြုံတွေ့ရသောအရာများအပေါ် ဘယ်လိုတုံ့ပြန်သည်ဆိုသော အချက်သည်သာ အရေးကြီးဆုံး ဖြစ်သည်။
ခေတ်သစ် လူနေမှုဘဝ ဆိုသည်မှာ ဆွဲဆောင်မှုများနောက်သို့ တကောက်ကောက် လိုက်နေခြင်း ဖြစ်ပါသည်။ လူတို့သည် တစုံတရာက အပြီးအပိုင် လွှမ်းမိုးထားခြင်းကို နှစ်ခြိုက်ကြပါသည်။ အဆုံးစွန်သော ဘဝ၊ စိုးရိမ်ကြောင့်ကြရသောဘဝ ဖြစ်ပါသည်။ ကျွန်တော်တို့သည် လိုအင်ဆန္ဒများကို ခန်းခြောက်သွားစေချင်ကြသည်။ သို့သော် ထိုအရာများ ပြီးဆုံးသွားလျှင် “ငါ ဘာ့ကြောင့် လုပ်မိပါလိမ့်မလဲ” ဟူသော အတွေးပေါ်လာကြသည်။ လူပေါင်း သန်းနှင့်ချီ၍ ဆရာဝန်များထံ ဆေးကုသခံရန် သွားကြရသည်။ အာဟာရ စီမံသူ သွန်သင် သင်တန်းပေးသူ၊ အကူအညီပေးသော စာအုပ်များကို အားကိုးကြပါသည်။
ထိုလူများကို အကြံပေးရန် သုံးမျိုးရှိပါသည်။ ပထမဥပဒေမှာ သင့်ကို လွယ်လွယ်ရသော ပစ္စည်းများဆီသို့ မသွားမိစေရန် လွယ်သဖြင့် မစမ်းသပ်မိစေရန် ဖြစ်ပါသည်။ ကျောင်းများတွင် ဖုန်းမကိုင်ရပါ။ သင် အစာစားလျှင် ဂဏန်းလက်မကောင် (Crab) မပါရပါ။ အိမ်ထဲတွင် အရက်မထားရပါ။ တခါက အမျိုးသမီးတစ်ယောက်သည် သူ ရေခဲမုန့် မစားမိစေရန် ထိုမုန့်ပေါ်သို့ ပန်းကန်ဆေးသည့် အရည်များကို သွန်ချပါသည်။ ထိုအခါ မစားမိတော့ပါ။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းပင် ဖြစ်ပါသည်။
နောက်တစ်ချက်မှာ နောက်ထပ် မိမိကိုယ်ကို ဒိုပါမင် ထွက်ပေါ်ရန် လွယ်ကူသည့် ပစ္စည်းများကို မရှာဖွေမိစေရန် ဖြစ်ပါသည်။ နျူရိုဆရာဝန်များက လိုချင်သော ဆန္ဒကို ဖန်တီးမှုနှင့် ကြိုက်နှစ်သက်သော ပစ္စည်းကို ရချင်မှုတို့ကို ထိန်းချုပ်သောနေရာမှာ ဦးနှောက်ထဲတွင် တနေရာစီ ရှိနေကြသည်ဟု ဆိုသည်။ ဥပမာ- စိတ်ဖိစီးခြင်း ဝေဒနာကို ခံစားသူတစ်ယောက်သည် အင်စတင်ဂရမ်၊ ယူကျု့နှင့် အခြားအရာတို့ကို မကြည့်ရှုသင့်ပါ။ ထိုအရာများ၏ အကူအညီကို မယူဘဲ ကြိုက်နှစ်သက်ရာ အခြားနေရာများမှာ ရှာဖွေသင့်ပါသည်။ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရ သူတစ်ယောက်သည် သူ့ ဟန်းဖုန်းနှင့် ဝေးဝေးနေပါက အစတွင် ခက်ခဲသော်လည်း တဖြည်းဖြည်းနှင့် ဝေဒနာမှာ သက်သာလာကြောင်း တွေ့ရပါသည်။
တတိယနည်းမှာ ကြိုက်နှစ်သက်သည့် အရာများကို အခြားအရာများဖြင့် အစားထိုးနည်း ဖြစ်ပါသည်။ သင်သည် ထိုအရာတခုကို မကိုင်တွယ်မိရန် သင့်ကိုယ်သင် မထိန်းနိုင်ပါ။ လိုအင်ဆန္ဒ အလွန်ပြင်းပြနေတတ်ပါသည်။ ထိုအချိန်တွင် ထို့ထက်ပိုသော၊ သင် ကြိုက်နှစ်သက်ခြင်း နည်းသောအရာနှင့် အစားထိုးရန် ဖြစ်ပါ၏။ ဥပမာ- ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် ကလေးကို ထိခိုက်မှာ စိုးရိမ်သဖြင့် အရက်သေစာ မသောက်တော့ခြင်းကို ဆိုလိုပါသည်။ အရက်ကို မိမိ ပိုမိုတန်ဖိုးထားသည့် အရာဖြင့် အစားထိုး ခြင် ဖြစ်ပါသည်။
ဒိုပါမင်း ဆိုသည်မှာ ဤဖြစ်ရပ်တွင် မကောင်းသော ဇာတ်လိုက် ဖြစ်နေပါသည်။ ၎င်းသည် အလွန် အစွမ်းထက်သည့် နျူရိုထရန်စမစ်တာ တမျိုး ဖြစ်ပါသည်။ လူတို့ကို တီထွင်ကြံဆနိုင်စေရန် သင်ကြားမှု ပြုနိုင်ကြစေရန်၊ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် တိုးတက်မှုပြုလုပ်ရန် တိုက်တွန်းပေးသောအရာ ဖြစ်ပါသည်။ ဒိုပါမင်းသည် အခြားလူများ မရောက်သေးသော အရပ်သို့ ရောက်စေရန် တိုက်တွန်းပါသည်။ အမေရိကန်ကဲ့သို့သော တိုးတက်သည့် နိုင်ငံကြီးကို ဒိုပါမင်းပေါ်တွင် မူတည်၍ တည်ဆောက်ထားပါသည်။
(၃)
ဝီလီယံ ကင်း (William King) က သူ့စာအုပ် ( Ambition, A history) တွင် လူ့သမိုင်းကြောင်းသည် ဥရောပတိုင်းပြည်များ၌ ရည်ရွယ်ချက် ကြီးကြီးမားမား ထားခြင်းသည် အမြင့်မားဆုံး အပြစ်ဖြစ်ရာမှ ကမ္ဘာသစ် အနာက်နိုင်ငံများကို တွေ့ရှိချိန်တွင် ရည်ရွယ်ချက်မြင့်မားခြင်းသည် လိုလားအပ်သောအရာ ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။
ယခုအချိန်၌ ကျွန်တော်တို့၏ လိုအင်ဆန္ဒများမှာ များပြားနေခြင်းမဟုတ်ဘဲ အခိုက်အတန့် ပေါ်ထွက်လာသည့် စိတ်စွဲလမ်းရာ အရာများပေါ်တွင် အချိန်ကုန်နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် နိုင်ငံကို ချစ်မြတတ်နိုးခြင်း၊ သင်ယူလိုခြင်း၊ တစုံတရာ၌ ထူးခြားစွာ အောင်မြင်လိုခြင်းတို့ဖြင့် ပြည့်နေပြီး အတွေးအခေါ် အမြော်အမြင်ကို မြှင့်တင်ပေးတတ်သော ဆရာများ၊ သင်ကြားပြသသူများဖြင့် ပြည့်စုံနေကြသည်။ ဂီတသမိုင်း ရေးသူအမြင် ပြောင်းစေရန်မှာ လူတို့သည် အထူးကောင်းမွန်သော ရုပ်ရှင်များ၊ ဝတ္ထုများ၊ ပန်းချီကားများသည် Tik Tok ထက် ပိုမိုကောင်းမွန်ကြောင်း ပြောပြရန်သာ ဖြစ်သည်။
ကိုသန်းလွင်
Ref: The Junkification of modern life, By David Brook Sep 7. 2024 N.Y.Times
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar