Breaking News

ငဇ - လမ်းဇာတ်

ငဇ - လမ်းဇာတ်

(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄


ငကျားဟာ သူ့အစာ လုစားမယ်အထင်နဲ့

သိပ်ရန်လိုတာပဲ

ဘိုဖြူ့မျက်လုံးတွေမှာ

ဆာလောင်မှုဟာ သိပ်ကို ပေါ်လွင်လွန်းတယ်

ငကျားဟာ သိပ်ထူတာပဲ မတွေ့ဘူး

ဘိုဖြူဟာ သိပ်ပါးတာပဲ တွေ့တယ်

အရင်လို ထွက်ပြေးနေကျ လမ်းပေါ်မှာ

သူ့ခြေထောက်တွေဆီကနေ ပြေးထွက်သွားတဲ့

အရင်လို ခြေထောက်တွေကို

ဘိုဖြူဟာ အခုထက် ပို ဆာလောင်မိတဲ့

မျက်ရည်လုံးများကို အရှိုက်နဲ့ ပင့်ကန်လို့

ငကျားက ကိုယ့်အစာကိုယ် အာရုံမစိုက်ဘူး

ယဉ်ကျေးမှုအရ

အပျင်းဖြေ အညောင်းဆန့်လိုက်ပုံပါပဲ။


ငဇ

၂၀၂၄




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar