Breaking News

လင်းလက်နွေဦး - နေရစ်လေဦး

လင်းလက်နွေဦး - နေရစ်လေဦး

(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄


ရေကူးသန်တဲ့ ဇနကမင်း

သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။


"ကင်းပသီးနှစ်၊ ပင်သနစ်မူ

မာန်ယစ်ကြွားကြွား၊ ငါတကားဟု... '

ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။


ရင်ပြင်တော်ပေါ်ရောက်

ဘုရားနဲ့ မတွေ့ပေမယ့်

ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင်

ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။


ငါ

အားလုံး တော်လှန်နေတဲ့ကြား

အသက်ရှင်ရေးအတွက်

ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ

ရှက်တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar