Breaking News

မောင်သော်တာ - အမေ့အိမ်

မောင်သော်တာ - အမေ့အိမ်

(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၄


 တံခါးဖွင့်ပေးလိုက်တယ် 

လွတ်လပ်တဲ့ ကောင်းကင်ကြီး ရှာတွေ့ဖို့ 

 ရွှေအိုးထမ်းပြီး ပြန်မလာခဲ့ရင်တောင် 

 ခလုတ်မထိ ဆူးမငြိ 

မိမွေးတိုင်းဖမွေးတိုင်းလေး ပြန်တွေ့ ချင်တယ် 


တံခါးဖွင့်ပြီး မီးထွန်းပေးထားတယ် 

အပြန်လမ်း မမှတ်မိခဲ့ရင် 

အမေရေလို့ အသံပြုလိုက်ပါ 


 #သားသမီးများအတွက်ချစ်ခြင်းကဗျာ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar