Breaking News

လင်းလက်နွေဦး - ဖုန်းတကောစာ

လင်းလက်နွေဦး - ဖုန်းတကောစာ

(မိုးမခ) ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄


နောက်တော့

တစာစာလေးလည်း 

ထွက်ပြေးသွားမှာပါ။


တစလယ်ချက် ပြန်ရောက်တော့

နွယ်အသစ်

ရေမျောကမ်းတင်လေး

ဆည်းလည်းလေးလား အဖေ

မရိုက်ရက်တဲ့ ယပ်တောင်ရိုးလေး

ထရံမှာ ထိုးလျက်ပါပဲ။


ခြတွေကို နှိမ်နင်းနိုင်တယ်

လေမတိုက်ဘဲ

တဖွဲဖွဲ ကျလာတဲ့ အလွမ်းတွေ

ဘယ်လို လှဲထုတ်ရမလဲ။


အမေရေ

အမေ့စကားပြောဖော်လေးတွေ

ညှိုးလို့ နွမ်းလို့

ခြောက်သွေ့နေတဲ့ ခရောင်းမြေမှာ

ပန်းမပန်နိုင်ရှာတော့။


အေးဆေးရဲ့လားတဲ့

ဟုတ် စိတ်ချပါ အမေ

စိတ်ချလက်ချ မအိပ်ရတဲ့ ညတွေမှာ

အေးအေးဆေးဆေး ရှိပါတယ်။


အပြင်ချည်း ထွက်မနေနဲ့တဲ့

ဟုတ် အဖေ၊ မထွက်ပါဘူး

ဖုန်းလိုင်းပေါ်မှာတောင်

အခန်းအောင်းနေပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar