Breaking News

ကိုလေး(အင်းဝဂုဏ်ရည်) - သစ္စာ

ကိုလေး(အင်းဝဂုဏ်ရည်) - သစ္စာ

(မိုးမခ) ဒီဇင်ဘာ ၂၇ ၊ ၂၀၂၄


ရွက်ခြောက်လေးရယ်

တကိုယ်ထဲ

ဝဲဝဲပြီးဆင်းလာရတာ

အဖော်တွေနဲ့ခွဲ

ခွဲခဲ့ရလို့

စိတ်ဆင်းရဲရှာမှာနော် ။


မင်း သိမယ်ဆိုရင်

ပြောချင်ပါတယ်

ဆင်းရဲတာ

သစ္စာပါကွယ်

ဆက်ပြောပါဦးမယ်

ဆင်းရဲခြင်းက

လွတ်ကင်းရာလမ်း

ရှိပါတယ်

ရှိပါတယ်

ကလေးရယ်။  ။


ကိုလေး(အင်းဝဂုဏ်ရည်)

၂၆-၁၂-၂၀၂၄


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar