ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သားတရားစီရင်ခန်း ထုတ်ပြန်ချက်များ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သားတရားစီရင်ခန်း ထုတ်ပြန်ချက်များ
(မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၄
ကြင်စိုးနဲ့ ခေါင်းဖြတ်ဇာတ်လမ်းများ
တိုင်းရင်းသားအဖွဲ့တွေ အပစ်အခတ်ရပ်ဖို့ ထုတ်ပြန်ချက်တွေ ဖတ်လိုက်ရင် သားတရားစီရင်ခန်းတန်းမြင်မိတာပဲ။ မိခင်အရင်းက ပြိုင်လုမဆွဲရက်တော့ လွှတ်ပေးလိုက်ရသလိုမျိုးလေ။ ခွေးဘီလူးမမိအောင်လှိုင်ကို ပြည်သူတွေအပေါ်ဗုံးဆက်မကြဲဖို့ ထုတ်ပြန်ရင်း စစ်ဆုတ်မယ်၊ ရပ်မယ်ပြောရသာချည်း။
ခုလည်း MMDAA က တနိုင်ငံလုံးအနှံ့ ဗုံးပတ်ကြဲနေတာ ရပ်ပါတဲ့။ ငါတို့လည်း တိုက်တာ ရပ်မယ်တဲ့။ စကားပြောကြမယ်တဲ့။
ခုလေးတင် KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲ စနေပြီလို့ သတင်းတက်လာတယ်။ မကြာခင် မြစ်ကြီးနားပေါ့လေ။ မပခ အလှည့် လာရတော့မပေါ့။ မအလ သိပ်ပဲများနေဖို့ မလွယ်တော့ဘူး မဟုတ်လား။ ဟေ့ကောင် ခေါ်တုန်း ခမျာထူးပေါ့။ ဟဲ့ ခွေး ဆိုမှ ကိန်မနေနဲ့တော့။ မပခ ကျရင် နမခ၊ လပခ ဆိုတာ အိတ်ထဲ ကောက်ထည့်ခံရမယ့်ဖားလေးတွေ။ အာ့ပြီးရင် ကြိုးစင်ပဲ ကြင်စိုးရေ။
အဲတကောင်လည်း ကိုယ့်စင်ကိုယ်ထိုး ကိုယ့်ကြိုး ကိုယ်ကျစ်နေတာ တရက်ထက် တရက် သိသာလာတယ်။ ချင်းကလည်း ဗျင်းချက်၊ တပ်ရင်းမှူးကိုက သုံးကောင်။ လက်ဆောင်တွေကလည်း တထောကြီး။ ဖထီးတို့ကလည်း မှန်မှန်လေးဇွပ်။ ရှိသမျှ စစ်သားလည်း အနောက်ရိုးမနဲ့ ဇောက်ထိုးကျ။ ကြင်စိုး ဆင်ရိုးခံရတဲ့ အိပ်မက် မက်မယ်ဆို မက်လောက်ပါတယ်။
ကြင်စိုးက ဆရာကြီးလိုလို ထွက်ထွက်ပွားတယ်။ အမှန်က နွားပြာကြီးအိုအို။ တပ်တခုလုံးက စိတ်ဓာတ်က အဝီစိအောက်။ သူတို့ပရိသတ်က တယောက်ပြီး တယောက် ပျောက်။ ဘောင်းဘီကျွတ်တွေလည်း သူတို့ ပိုက်ထားတဲ့ အထုပ် ဘယ်သူ လာဝိုက်မလဲ မသိနဲ့ အဲဒီ ငတိတွေလည်း တသက်လုံး ခိုးထားတာတွေနဲ့ ဥစ္စာချောက်။ မအလကိုလည်း မယုံ၊ မယုံကြောင်းလည်း မပြဝံ့၊ စစ်တပ်မှာ ပခုံးပေါ်က ဘားမရှိရင် နွားငတိဘဲလေ သားတပည့်လုပ်လို့မရ။ နေဝင်းက သူ့ဆရာတွေ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းခဲ့၊ မိဘပြည်သူကို သတ်ခဲ့။ သူ့ကို သူ့တပည့် သန်းရွှေက ဗျင်း။ ပြည်သူသတ်သန်းရွှေကိုလည်း သူ ထားခဲ့တဲ့ တပည့်က ခု တတိတိ ညှဉ်းပြီ။ မိဘပြည်သူကို သတ်တဲ့ မြန်မာ့တပ်က အဇာတသတ်မင်းဆက်နဲ့ အတူတူ။ ကျေးဇူးရှင် ဖခင် သတ်ခဲ့သူတွေချည်း။ ဒီအဖသတ်မင်းဆက်က ရပ်ပစ်မှ ရတာ။ ဆက်ခံခွင့်ပေးလို့ မရ။ မဟုတ်ရင် မိဘပြည်သူကို အခုလို စိတ်ထင်သလို စိတ်ရူးပေါက်သလို သတ်ချင်သလို ဆက်သတ်နေအုံးမှာ။
ဒီရက်ပိုင်း ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုဖိုင်တွေ တက်တက်လာတယ်။ လိုင်းပေါ် တက်မလာတဲ့ ခေါင်းဖြတ်သတ်မှုတွေလည်း အများကြီးရှိပါတယ်။ ဒါတွေဟာ တော်လှန်ရေးအတွက် အနုတ်လက္ခဏာတွေပါ။ တနေ့ကျရင် ဂျပ်စတစ်ဂိတ်ကို ဖြတ်ကြရမှာ။ မဖြတ်ရဲကျတော့ရင် တော်လှန်ရေးဟာ အဓွန့်ရှည်ဖို့ လိုသွားပါလိမ့်မယ်။ ဒါဟာ စစ်အုပ်စု စောင့်နေတဲ့ အခြေအနေတခုပဲ။ အဲဒီအခြေအနေတခုဆီ မရောက်အောင် အားလုံးမှာ တာဝန်ရှိပါတယ်။
အထူးသဖြင့် နုကြည်မှာ တာဝန်ရှိပါတယ်။ သူ့အောက်ကအဖွဲ့တွေ ဆိုရင် သူ့မှာ လုံးလုံးတာဝန်ရှိပါတယ်။ အဲဒါကြောင့် နုကြည်ရဲ့ ဝန်ကြီး ဝန်လေးတွေ၊ ပြောရေးဆိုခွင့်တွေ အတွင်းဝန်တွေဟာ အပြင်ဝန်ဆက်လုပ်နေလို့မရတော့ပါဘူး။ မြေပြင်နဲ့ သိပ်အလှမ်းဝေးလွန်းနေလို့ မရတော့ပါဘူး။ မြေပြင်နဲ့ ထိစပ်နေမှ မြေပြင်က ပြဿနာတွေမြင်ပြီး ဖြေရှင်းလုပ်ဆောင်ကြတဲ့အထိ ရောက်မှာပါ။ ဂုဏ်ယူဖွယ် စတားလင့်လည်း ရှိနေတဲ့ လွတ်မြောက်နယ်မြေတွေဆီ မြန်မြန်သာ ပြန်လာခဲ့ကြပါတော့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar