Breaking News

နေချိုသွေး - စစ်လေယာဉ်ကို စားပစ်ချင်တယ်

နေချိုသွေး - စစ်လေယာဉ်ကို စားပစ်ချင်တယ်

(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၅


ကမ္ဘာမကြေစရာ အဖြစ်အပျက်တွေ 

ကြုံနေရတဲ့ နိုင်ငံတော်ကြီးမှာ...

စစ်အာဏာရှင်တွေကို

ကမ္ဘာမကြေတဲ့ နိုင်ငံတော်ကြီးမှာ...

တရားမှု မတရားမှုဆိုတဲ့

လူ့အခြေခံအသိတောင် မရှိတော့တဲ့

အာဏာရှင်တွေရဲ့ ခိုင်းဖတ်စစ်တပ်ရဲ့ 

အကြမ်းဖက်လုပ်ရက်တွေ

စစ်ပွဲစက်ကွင်း မဟုတ်တဲ့ ပြည်သူတွေအပေါ်

ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ

သွေးညှီနံ့တွေ ထောင်းထောင်းထစေတဲ့ စစ်လေယာဉ်တွေ

စစ်လေယာဉ်‌တွေကို ငါ စားချင်တယ်...။

စာသင်ကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေ

ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုရားစေတီတွေ

ဘုန်းတော်ကြီးကျောင်းတွေ

မြို့‌တွေ ရွာ‌တွေပေါ် ဗုံးကြဲချနေတဲ့ စစ်လေယာဉ်တွေ

စစ်‌လေယာဉ်တွေကို ငါ စားချင်တယ်...။

ငါ့ ဝမ်းစာရဲ့ လိုအပ်ချက်

ပြည်သူကို သတ်ဖြတ်‌နေတဲ့ စစ်ခွေး‌တွေနဲ့

မိုက်သွေးကြွနေတဲ့ စစ်လေယာဉ်မှူးတွေ အပါအဝင်

စစ်လေယာဉ်တွေကို ငါ စားပစ်ချင်တယ်...။

စစ်လေယာဉ်တွေကို စားချင်နေတဲ့ ငါ့အစာအိမ်က

စစ်အာဏာရှင်တွေရဲ့ အသံကြားရင်

ထိန်းမရ သိမ်းမရနဲ့ ပို ဆာလောင်လို့

စစ်လေယာဉ်တွေကို ငါ စားချင်တယ်...။

လောင်ကျွမ်းနေတဲ့ မီးလျှံတွေကြားထဲ

ကျီးလန့်စာစား နေရက်များ

မျက်စိရှေ့မှာတင်

တရွာလုံးကို မီးလောင်တိုက်သွင်းနေတဲ့ မြင်ကွင်း

ဒုက္ခသည်တွေရဲ့ ငတ်မွတ်ဆာလောင်မှုမျိုးနဲ့

စစ်လေယာဉ်တွေကို ငါ စားပစ်ချင်တယ်...။

ပြာပုံအတိနဲ့ အိုးအိမ်မဲ့သွားတဲ့အဖြစ်

ထွက်ပြေး တိမ်းရှောင်နေရလို့ မပျော်သူတွေဟာ

စစ်လေယာဉ်တွေကို စားရရင် သိပ်ပျော်မှာ

ငါ စစ်လေယာဉ်တွေကို စားချင်တယ်...။

မတရားသာကို မတရားမှန်း သိတဲ့စိတ်နဲ့

မတရားသာကို ဆန့်ကျင်‌ တော်လှန်ဝံ့တဲ့စိတ်နဲ့

စစ်လေယာဉ်တွေကို ငါ စားချင်တယ်...။

စစ်လေယာဉ်တွေကို စားပစ်ချင်နေတဲ့ ငါ့စိတ်က

စီးထားတဲ့ ဖိနပ်တဖက်နဲ့ ကောက်ပေါက်ပစ်တဲ့ ကလေးငယ်လို

စစ်လေယာဉ်တွေကို ငါ စားချင်တယ်...။ ။

                    



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar