အောင်ဝေး - မနက်ဖြန်မှာ ဆက်ဆိုဖို့တေး
အောင်ဝေး - မနက်ဖြန်မှာ ဆက်ဆိုဖို့တေး
(မိုးမခ) ဇန်နဝါရီ ၁၃ ၊ ၂၀၂၅
LA–Strong–LA
LA–Strong– LA
You are a phoenix.
As a phoenix rising from
the ashes,
you are hope
of life and
of better things to come.
LA– Strong– LA
You are an African lily.
After the wildfires,
African lily(or lily of the Nile)
blooms
on the scorched earth.
LA– Strong– LA
You are a rainbow.
After every storm,
comes a rainbow.
LA–
Strong–
LA.
Aung Way
Burmese/Myanmar Poet
မနက်ဖြန်မှာဆက်ဆိုဖို့တေး
(အောင်ဝေး)
"ပူရေန္တံ ဗောဓိသမ္ဘရေ၊
နိဗတ်တံ ဝဋ်ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ်တံ ဝိဇ်ဇယိ။
...........................
.......................
................."
ရွာမီး၊ မြို့မီး
တောမီးမကျန်၊ မီးဘေးရန်မှ
ကင်းဝေးရစေ
အယ်လ်အေရေ...။
ငါတို့ကဗျာဆရာတွေက
ကဗျာထဲမတော့–
"တောမီးကိုတောမီးနဲ့မှ
ငြှိမ်းလို့ရတယ်
ထိုးစစ်ကိုထိုးစစ်နဲ့
ရိုက်ချိုးရမယ်"
တွင်တွင်ပြောခဲ့
တွင်တွင်ရေးခဲ့တာပါအယ်လ်အေ။
တကယ်ဖြစ်လာတော့
ခေတ်ရဲ့အရေပြားဟာ
မီးကျွမ်းသွားတယ်။
မြစ်ကြီးတွေတောင်
မီးလောင်ကုန်တယ်။
စစ်ကြောင့်ပြာကျတာလည်း
ဒုက်ခ။
သဘာဝတရားကြောင့်ပြာကျတာလည်း
ဒုက်ခ။
"ယံပိစ်ဆံ နလဘတိ
တံပိ ဒုက္ခံ"
အလိုမပြည့်ခြင်းဆင်းရဲလည်း
မဟုတ်ခဲ့ရပါဘူး အယ်လ်အေ။
အယ်လ်အေရေ
တောမီးလည်း
အမြန်ငြိမ်းမှငြိမ်းမှ။
နောင်ဆိုရင်
တောကြီးတွေ
ထိန်းရသိမ်းရတော့မယ်။
ကမ္ဘာကြီး
ပိုပြီးပူနွေးမလာအောင်
စောင့်ရရှောက်ရတော့မယ်။
အားတင်းထားပါအယ်လ်အေ
ပင်လယ်လေပြင်းတွေ
ငြိမ်စေ
မိုးတိမ်တမန်တွေငိုစေ။
ထမြောက်ရှင်ပြန်
မနက်ဖြန်မှာ
"ပူရေန္တံ ဗောဓိသမ္ဘရေ
နိဗတ္တံ ဝဋ္ဋ ဇာတိယံ။
..........................
........................
....................."
အောင်ဝေး
(ဇန်နဝါရီ ၁၁၊ ၂၀၂၅)
LA: Los Angeles Wildfires
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar