စိုးလူမောင် - အလံတင်သီချင်း
အလံတင်သီချင်း
စိုးလူမောင်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၅
* ရောင်ခြည်နုနေဝန်းထဲ
တောင်ပံခတ်သလို
တဖျပ်ဖျတ်ဝင့်ထည်အလံတော်
အောက်
လွတ်လပ်ထမင်းဝိုင်းလေးဟာ
အမွေခံယူခြင်းများစွာနဲ့
တော်လှန်အရောင်တွေ
နိုင်ငံမြေပြင်ဦးခေါင်းထက်
တဝင်းဝင်း တလက်လက်။
ကြည့်စမ်းပါ့
နှင်းဖြူလွှလွှတွေ
နံရံတောင်ကြောပေါ်
ကျော်လွှားစွန့်စားခွန်အားများ
ဟိုး ...မှာ
လှမ်းမြင်နေ
ငါတို့ရဲ့အပြာရောင်သမုဒ္ဒရာ
ရေလွှာြပင်ပေါ်
မြင့်မြတ်တဲ့မီးလျှံ
တောက်ပအသံသာလှိုင်းများ
ငါတို့လူငယ်တွေ ...
ငါတို့ယုံကြည်ခြင်းတွေ ...
ငါတို့ခွန်အားတွေနဲ့အတူလေ ....
......။ ။
* နော်ဝေး ကဗျာဆရာကြီး
Arnulf Øverland ၏ " Sang til flaget "ကဗျာကိုပြန်ဆိုပါတယ်!
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar