Breaking News

စိုးရိမ် - တွန်းကန်အား

Art by POS
တွန်းကန်အား
စိုးရိမ်
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၅

အိမ်ဆိုတာ
ဇိမ်ခံဖို့ဆိုတာထက်အများကြီးပိုပါတယ်

မိသားစုရဲ့အသိုက်အမြုံ
မိသားစုဖွဲ့သီဖို့ဗဟိုဌာနချုပ်

ထမင်းဝိုင်းတဝိုင်းထဲ
မေတ္တာစစ်စစ်သာစီးဆင်းနေတဲ့မြစ်

ကျီးတွေတောင်
သူတို့အသိုက်ကိုထိရင် ဝိုင်းအာသေးတာပဲ

ရင်နဲ့မဆံ့အောင်
နာကျင်ခဲ့ရမှုအတွက်

လူလေ ...လူပဲ
ရေကိုဘယ်လိုဆန်ရမလဲသိပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar