ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြတ်ရွှေ့မယ့် ဿာဒ်ဝေ့
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြတ်ရွှေ့မယ့် ဿာဒ်ဝေ့
(မိုးမခ) ဇန်နဝါရီ ၁၇ ၊ ၂၀၂၅
TNLA ကလဲ ပြောင်းပြင်လို့ မောင်းတင်ပြီ။ MMDAAကလဲ ဆက်အုပ်မယ့်ခရီးအတွက် လက်ခုပ်တီး။
မန်းနဲ့ စစ်ကိုင်းကလဲ ဂန်းနဲ့ ဝိုင်းတော့မယ်။
နုဝန်တွေကလဲ အညာအထာနဲ့ ဘာညာသာရကာတော့မယ်။
AA ကလဲ ရေရောကုန်းရော တောင်တန်းရောမြေပြန့်ပါ ခြေဆန့်လာ။
ဒူးဝါးတွေကလဲ ထူးထူးခြားခြားကစ်။
ကရင်မှာလဲ တရစ်ပြီးတရစ် တထစ်ပြီး တထစ်တက် နေပြည်တော်ဘက်ချီ။
တနင်္သာရီ ချင်းလဲ ဗြင်းချက်မပြတ် တရစပ်။ ကရင်နီကလဲ တဖြတ်ပြီးတဖြတ် ပြတ်ထွက်လုလု။
ဓနုကလဲ ထုချက်။
ပုအတွက်တော့ သူ့ထက်ငါတွေချည်း။
ဿာဒ်ဝေ့မှာ အပြတ်ရွှေ့မယ်၊ မအလအဖို့ ပတ်ကွေ့စရာမရှိ။ တပ်အဖို့လဲ ထပ်ဝေ့စရာ မရှိ။ အားလုံးနိဋ္ဌိတံ။
တိုင်းပြည်တည်ဆောက် နှစ်ဆဲ့ခြောက်။
ခွေးတပ်ပြုတ်သွား နှစ်ဆဲ့ငါး။
သျှောင်နောက် ဆုံထုံးပါသလို အကောင်နောက် ဒရုန်းပါ ဒုံးပါ။ ကယားဒေးဆိုပြီးသွားရှုပ်တာ နားမစုတ်တာ ကံကောင်း။
မအလလဲ ပြဲတဲပြူးတူး ဟိုကူးဒီပြေး ခွေးနေရာမရ သေးပါချ။
စစ်ကြောင်းတိုင်းလဲ သင်္ချိုင်းဖြစ်၊ စစ်သားနဲ့ တပ်တို့မိသားစုတွေခမျာ ဘယ်အရူး လင်လုပ်ရမှန်းမသိ မအလကိုပဲ ဒချိပစ်ရမလား၊ စိုးဝင်းကိုပဲ ထိုးသွင်းလိုက်ရမလား၊ ဗျာများနေကြရတဲ့ မုန့်ဟင်းခါးအကာလ။
အခက် ဖြေမရ၊ အသက် သေကြ။
ခြေလက် ပြတ်ကြပြုန်းကြ သုံးမရ၊ လူထုက မုန်းကြ။
လင်အတွက်သားအတွက် ယူကျုံးမရ။
သားသမီးတွေပါ လူလုံးမလှလို့ ရှေ့ဆက်ရမယ့်ဘဝအတွက် အပူလုံးကြွ။
အခု တတိယလှိုင်းက စစ်ရေးလှိုင်းသက်သက်မဟုတ်။ မြို့ပြလူထုဆန့်ကျင့်တွန်းလှန်ပုန်ကန်မှုလှိုင်းပါ တပါတည်းလာမှာ။
စားဝတ်နေရေးခက်ခဲတဲ့ကြား ငွေရှာရခက်တဲ့ကြား ဘာဆိုဘာမှအဆင်မပြေတဲ့ကြားမှာ ရင်နှစ်သည်းချာ သားသမီးရတနာတွေကိုပြန်ပေးဆွဲ စစ်ကျွန်လုပ်ခိုင်းတဲ့ဒဏ်ကို အလူးအလဲ ခံနေရ။လင်သားတွေကို စစ်ဘောထမ်းခိုင်းတာ မဟားဒယားခံနေရ။
စားစရာရှာရခက်သလို လျှပ်စစ်မရှိလို့ ချက်ဖို့ပြုတ်ဖို့ သောက်ရေသုံးရေရဖို့ပါ ခက်လာ။ ထင်းမီးသွေးလဲ တဖြည်းဖြည်းပါးရှားလာ။
နားအေးပါးအေးဖို့ဝေး သွားရေးစားရေးတောင်မလွယ်တော့တာ။
ကျီးလန့်စာစားနေရတဲ့ မြို့ပြဟာ ရပ်တည်ရှင်သန်ဖို့က ဘက်စုံခက်ခက်လာ။
တက်ပြီးရင်း တက်လာတဲ့ ဈေးနှုန်း ရှားပြီးရင်း ရှားလာတဲ့ ပစ္စည်းတွေနဲ့ ချစ်တီးတွေ အခွင့်ထူးခံတွေနဲ့ ပြဿနာတွေ ပိုကြီးထွားလာ။
စစ်ရာဇဝတ်ဂိုဏ်းအောက်က နှိပ်စက် အနိုင်ကျင့်မှုတွေ မလုံခြုံမှုတွေထဲ လိုင်စင်ရ ဓားပြ သူခိုးတွေကလဲ အမျိုးမျိုးဆိုးရွားသောင်းကျန်းလာ။
တုတ်ကြီးတကားကားနဲ့ အုပ်ကြီးနွားရယ်၊ ရပ်ထဲ ရွာထဲမှာ တိုင်းပြည်ဘဏ္ဍာ အချောင်ရထားတဲ့ ခိုးထား ဝှက်ထား ညစ်ထားကစ်ထားတဲ့ စစ်အုပ်စုအခွင့်ထူးခံတွေ၊ ခရိုနီဒေါက်တိုင်တွေကလွဲ ဘယ်သူမှ အဆင်မပြေတော့တာ။
အလုံးစုံပျက် ဘက်စုံအခက်မှာ လှိုင်းချက်ညီ ချီလာတော့မှာ။
သရေကြိုးငစစ်အုပ်စုကြောင့် တိုင်းပြည်က ရစရာမရှိအောင် အရှင်းပျက်သွားပြီ။ လူငယ်မှန်သမျှ သေနတ်ပစ်တတ်သွားပြီ။ သေနတ်ကိုင်ထားရမယ်လို့ သိသွားပြီ။ သေနတ် ဆိုတာ စစ်သားပဲ ကိုင်ရတဲ့ဟာ မဟုတ်၊ သေနတ်ကိုင်ထားတဲ့ လူယုတ် ထင်ရာလုပ်လို့ရတဲ့ခေတ် နေရစ်ပြီ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်သတ်မယ့်တပ် ဘယ်သူမှဆက်ပြီး ပလ္လင်မအပ်တော့။ တပ်မတော်လို့ မသိမှတ်တဲ့နောက် တပ်ပင်စင်လဲ မရှိတော့။ ကိုယ့်ငွေနဲ့ ကိုယ့်အရပ်နဲ့ ကိုယ့်တပ်ကို ထောင်ပြီးပြီ။ တပ်ပိုင် ဆိုတာတွေလဲ အရပ်ပိုင်တော့မည်။ တပ်နဲ့ ဆက်စပ်ရင်ကို တရက်ချင်း ပြန်စစ်ဆေး အပြစ်ပေးခံရတော့မည်။ လူထုသည်းခံစိတ် ချိပ်ပိတ်သွားပြီ။
မြန်မာ့မြေအပြင်မှာ ဘယ်နေရာကမှ တပ်ကို လက်ခံ ဆက်ဆံမှုမရှိတော့။ ပြီးပြီ။ စစ်မင်းသုံးဆက် မတရားရယူခဲ့သမျှ ပြန်ပေးရမည်။ ဖျက်ခဲ့သမျှ ပြန်ဆောက်ရမည်။ ကျူးလွန်သမျှ ပြန်ခံရမည်။ သင်တို့သည် နိုင်ငံတော် မဟုတ်၊ နိုင်ငံ့ဝန်ထမ်းလဲ မဟုတ်၊ စစ်ရာဇဝတ်သားများသာ ဖြစ်သည်။ နိုင်ငံကို ကာကွယ်သူ မဟုတ်၊ နောက်ဆုံး တိုက်ရာပါပစ္စည်းဖြစ်တဲ့ အချုပ်အခြာအာဏာကိုတောင် သူခိုးဈေးနဲ့ ရောင်းစားသူ ဖြစ်သည်။ သင်တို့သည် သည်နိုင်ငံ့အရေးနဲ့ လားလားမျှမဆိုင်။ ရွေးကောက်ပွဲ ကျင်းပခွင့် မပြောနဲ့၊ မဲပေးခွင့်မျှပင် မထိုက်၊ နိုင်ငံသားအဖြစ်ပင် မတန်တော့တဲ့ အမနုဿများသာ ဖြစ်ချေတော့သည်တကား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar