Breaking News

သစ်မွှေး- အရူးဘုံမြောက် ချေးချောက်ကောက်စား ၂၀၂၅

Art by Than Htay Maung

အရူးဘုံမြောက် ချေးချောက်ကောက်စား ၂၀၂၅
သစ်မွှေး
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၅

၂၀၂၄ ကတော့
ဂွ(ခွ)ကျတဲ့နှစ်ပေါ့
မုဆိုးမတို့ရွာပါအဆစ်ပါသွားတယ်။

 အိုချာချာကမ္ဘာကြီးကတော့
တော်ကြာတံခါးပိတ်လိုက်
တော်ကြာ တံခါးပြန်ဆွဲဖွင့်လိုက်နဲ့
မျက်ရည်နံ့သင်းတဲ့ထုတ်ပြန်ချက်တွေပဲ
စက္ကူထည်လဲ တံဆိပ်တုံးထည်လဲသုံးပြီး 
ထိုင်ခုံမီးမစွဲအောင်နပန်းလုံးနေရရှာတယ်။

အရူးက
ခလုပ်တစ်ချက်ပဲနှိပ်လိုက်တာပါ
ငါတို့မှာတော့
မြို့ရွာတွေမှောင်ကြီးကျ
စက်ရုံအလုပ်ရုံတွေမှောင်ကြီးကျ
သတင်းပလင်းတွေမှောင်ကြီးကျ
ဝမ်းစာရေးတွေမှောင်ကြီးကျ
အရေးကိစ္စမျိုးစုံမှောင်ကြီးကျနဲ့
အနာဂတ်ဟာ
ရောင်နီကိုသာမျှော်နေရတော့တယ်။

ကိုယ်ပြောင်းမှ သူလဲမယ့်
အပြောင်းအလဲတွေကြား
၂၀၂၅ကိုဆွဲသွင်းလိုက်တော့
မိစ္ဆာဝိညာဉ်တွေဟာ
ဖော့ပြားဖြူ စက္ကူဖြူ ပုဝါဖြူတွေအလံလုပ်ပြီး
အမှောင်ထဲကနေဒယီးဒယိုင်တိုးထွက်လာကြတယ်။

မျက်စေ့တစ်လုံး နားတစ်ဖက်နဲ့
အသက်ရူမှားနေတဲ့ ကိုယ်ကျိုးအတ္တသမားတွေရဲ့
မြှောက်ပင့်လက်ခုပ်သံမှာ
သီချင်းဆိုမပျက်တဲ့အရူးကတော့
"ငါ့ဖင်ဘယ်သူ့ချေးလဲ"လှည့်ပတ်မေးရင်း
ကြိုးစင်ကိုသာရွေးချယ်သွားခဲ့ပြီ။     ။

၂၄.၁.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar