Breaking News

မောင်လင်းရိပ် - မမေ့မလျော့ ဂါထာ

Art by Than Htay Maung

မမေ့မလျော့ ဂါထာ
မောင်လင်းရိပ်
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၅

ငါတို့ရဲ့ ကျက်သရေမဲ့မဲ့ ခြစားပိုးထိုး 
အိမ်အိုကြီးရွဲ့ရွဲ့ကို ပြင်ဖို့တဲ့
သူတို့ရဲ့နွေးထွေးအိမ်ကိုပစ် 
နုသစ်ရာ ကိုယ်ပိုင်အနာဂတ်နဲ့ ဘဝတွေကိုချခင်းပြီး 
ခရီးပြင်း ထွက်သွားကြ
သူတို့ရဲ့ အိမ်ပြန်ရက်ဟာ
ငါတို့အိမ်ကြီးရဲ့ ဆန်းသစ်ဦးဘဝနဲ့အသက်ပဲ
မရက်စက်ကြပါနဲ့ မမေ့ရက်ကြပါနဲ့ 
သွေးတွေ ဆူပွက်မနေတောင်
ထုံထိုင်း အေးစက်မသွားအောင် 
အချင်းချင်းနွှေးထားကြ
အသံနဲ့ဖြစ်ဖြစ် စေးကပ်ကြ
မနက် နေအထွက်တိုင်း ဒီဂါထာနဲ့ ၃၆၀ ဒီဂရီ စက်လှည့်ကြ
“သူတို့ရဲ့ အိမ်ပြန်ရက်”
“သူတို့ရဲ့ အိမ်ပြန်ရက်”
“သူတို့ရဲ့ အိမ်ပြန်ရက်”
ငါတို့အားလုံး အတူတကွ
အိမ်သစ်တက်ကြရဦးမှာ မဟုတ်လား

ဇန် ၁၊ ၂၀၂၅

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar