မင်းငြိမ်းအေး - နွေဦး
နွေဦး
မင်းငြိမ်းအေး
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၅
ညောင်ရေအိုးလည်း
လည်ပင်းရှည်လှပြီ
ဒီဆံပင်တွေကိုမင်းဖြတ်ချင်တာလား
တော်လှန်ရေးဆိုတာ
စိတ်ရှည်ရတယ်
သည်းခံရတယ်
မချစ်၊မနှစ်သက်သူနဲ့လဲ
ဆုံတွေ့ရမယ်
ဘုရားရှေ့ဦးချမနေနဲ့
ဒီဘဝမှာ
အလှဆုံးပွင့်ကြရုံသာ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar