Trump ၏ ပထဆုံးနေ့က ချမှတ်လိုက်သော သမ္မတတချက်လွှတ် အမိန့်များ

နိုင်ငံတကာသာဂိ (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၅
အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်မည်။
Denali သဘာ၀ပတ်ဝန်းကျင် တောင် အမည်နှင့် မက္ကဆီကိုပင်လယ်ကွေ့ကို အမည်ပြောင်းမည်။
သေဒဏ်ပေးသည့်ပြည်နယ်များတွင် သေစေသောထိုးဆေးများ “လုံလောက်သောထောက်ပံ့မှု” ရှိစေရမည်။
အစိုးရရုံးတိုင်းတွင် ရုံးဖွင့်ရက်များနဲ့ လာမည့် ကျမ်းသစ္စာကျိန်ဆိုရက်များတွင် အမေရိကန်အလံကို တိုင်ထိပ်မှာ အမြဲ လွှင့် ထူရမည်။
Elon Musk ဦးဆောင်သော အစိုးရအတွင်း ကုန်ကျစရိတ်များ စိစစ်ဖြတ်တောက်ခြင်း အစပျိုးမှုဖြစ်သော "အစိုးရ၏ စွမ်းဆောင်ရည်ဌာန” ကို အကောင်အထည်ဖော်ရမည်။
Hunter Biden အပေါ် စုံစမ်းမှုဖော်ဆောင်ရာတွင် အပြစ်မရှိကြောင်း လက်မှတ်ထိုးသူ ၅၁ ဦးအတွက် လုံခြုံရေးကင်းလွတ်ခွင့်များကို ရုပ်သိမ်းလိုက်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar

လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အသွင်ကွဲပြားမှုကို လက်ခံရေး စသည့် ပေါ်လစီများကို ပြောင်းပြန်လှန်သည့် တချက်လွှတ်အမိန့်များ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။
ယခင် သမ္မတ Joseph R. Biden Jr. ၏ အထင်ရှားဆုံး ပြည်တွင်းမူဝါဒများဖြစ်သည့် ရာသီဥတုထိန်းသိမ်းရေး နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒအများအပြားကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီး၊ သဘာဝသယံဇာတများ တူးဖော်ခြင်းကို ပြန်လည်အားပေးသည့် Trump အစီအစဉ်ကို ပြန်လည်ထည့်သွင်းခြင်းလည်း ဖြစ်သည်။ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများအတွက် ခိုလှုံရာနေရာအဖြစ် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာအခန်းကဏ္ဍလည်း ရုတ်သိမ်းလိုက်ရန် ခြေလှမ်းစလိုက်သည်။
တနင်္လာနေ့ညနေပိုင်း မိန့်ခွန်းတွင် သမ္မတ Trump က ယခင်အစိုးရ၏ အစွန်းရောက်သော အမိန့်ထုတ်ပြန်ထားသည့် အချက် 80 နီးပါးကိုလည်း ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့သည်။
ရုပ်သိမ်းလိုက်သော Biden အမိန့်များထဲတွင် ဖက်ဒရယ်အစိုးရသည် ဒုက္ခသည်အစီအစဉ် ပြုပြင်ပြောင်းလဲရေး နှင့် တရားရေးဌာက ပုဂ္ဂလိကအကျဉ်းထောင်များအသုံးပြုမှုကို တဖြည်းဖြည်းချင်း အဆုံးသတ်ရန် ညွှန်ကြားချက်များ ပါဝင်သည်။
သမ္မတ Trump ၏ အမိန့်အချို့သည် တရားရုံးတွင် ပြန်လှန်စိန်ခေါ်မှုများနှင့် တရားရင်ဆိုင်ရရန် သေချာလုနီးပါးဖြစ်သည်။ Biden ၏ အုပ်ချုပ်ရေးလမ်းကြောင်းမှ ပြောင်းလဲခြင်းနှင့် ၎င်း၏ မဲဆွယ်စည်းရုံးရေး ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
အောက်ပါတို့မှာ သမ္မတ Trump ၏ ပထမဆုံးနေ့တွင် လက်မှတ်ရေးထိုးခဲ့သော အမိန့်အချို့ဖြစ်သည်။
ဖက်ဒရယ်ဝန်ထမ်းများ တွင် စစ်တပ်၊ လုံခြုံရေး၊ လူဝင်မှုကြည့်ကြပ်ရေး ဝန်ထမ်းများကလွဲရင် အသစ်ခန့်အပ်ခြင်းများကို ယာယီရပ်ဆိုင်းမည်။
Schedule F ဟုခေါ်သော ဖက်ဒရယ်အလုပ်သမား အမျိုးအစား အကာအကွယ်ပေးခြင်းကို ရုတ်သိမ်းသည်။
Trump ၏ အုပ်ချုပ်ရေးခန့်အပ်သူများသည် တင်းကြပ်သော စိစစ်မှုများကနေ ကင်းလွတ်ခွင့်ရမည်။
Biden အုပ်ချုပ်ရေးအဖွဲ့၏ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ရန်၊ "တရားဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းကို လက်နက်အသုံးပြုမှုနှင့် ပတ်သက်သည့် ပြည်ထောင်စုအစိုးရ၏ အတိတ်က အကျင့်ဆိုးများကို ပြုပြင်ရန်" အကြောင်းပြချက်ဖြင့် အရင်အစိုးရကို စုံစမ်းရန် လမ်းဖွင့်ခြင်း ဖြစ်သည်။
အစိုးရထုံးတမ်းများနဲ့အညီ နောက်ကြောင်းများကို စစ်ဆေးမှုမလုပ်ဆောင်ဘဲ အိမ်ဖြူတော်ဝန်ထမ်းများအား ထိပ်တန်းလျှို့ဝှက်လုံခြုံရေး သိကြားခွင့်ကို ပေးအပ်မည်။
ကိုဗစ်ကာလ ပြည်ထောင်စုဝန်ထမ်းများ အိမ်ကနေ အလုပ်လုပ်ခွင့်ကို ရုတ်သိမ်းသည်။ အားလုံး ရုံးမှာ အချိန်ပြည့် ပြန်တက်ရမည်။
လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဆိုင်ရာ တချက်လွှတ်အမိန့်များ
အခြေခံဥပဒေ၏ 14 ကြိမ်မြောက် ပြင်ဆင်ချက်ဖြင့် အာမခံထားသည့် မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန် ။ အထောက်အထားမဲ့ ဝင်လာသူ၊ ရွှေ့ပြောင်းနေထိုင်သူများ၏ သားသမီးများအတွက် မွေးရာပါ နိုင်ငံသားဖြစ်ခွင့် ရပ်ဆိုင်းမည်။ သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူ့ဘာသာသူ မပြောင်းလဲနိုင်သောကြောင့် အမေရိကန်တွင်မွေးဖွားသော လူများအား နိုင်ငံသားဖြစ်ခွင့်ကို မည်ကဲ့သို့ ချုပ်ကိုင်ထားမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မည်သည့်လှုပ်ရှားမှုမဆို တရားရုံးတွင် စိန်ခေါ်ရန် သေချာသည်။
“ဒုက္ခသည်များ အမေရိကန်ပြည်ထောင်စုသို့ ထပ်မံဝင်ရောက်မှုသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများနှင့် မကိုက်ညီလျင် အဆိုပါဒုက္ခသည်ဝင်ခွင့်အစီအစဉ်ကို ဆိုင်းငံ့ထားမည်။”
အမေရိကန်-မက္ကဆီကိုနယ်စပ်တလျှောက် ရွှေ့ပြောင်းဝင်ရောက်မှုများကို အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး နယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် ဖက်ဒရယ်ရန်ပုံငွေကို ကွန်ဂရက်လွှတ်တော်၏ခွင့်ပြုချက်မလိုဘဲ လုပ်ကိုင်ရန် အစိုးရ၏ ခြေလှမ်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးတရားသူကြီးမှ ၎င်းတို့၏ နိုင်ငံရေးခိုလှုံခွင့်အမှုများကို စဉ်းစားနေစဉ် မက္ကဆီကိုတွင်သာ နေထိုင်၍ စောင့်ဆိုင်းရန် လိုအပ်သောမူဝါဒကို ပြန်လည်စတင်မည်။
မူးယစ်ဂိုဏ်းများကို "နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းများ" အဖြစ်သတ်မှတ်ရန် စဉ်းစားမည်။
ကျား၊မ လိင်ကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်သည် DEI အစီအစဉ်များ ပေါ်လစီများ အစိုးရဌာနများတွင် ရပ်စဲရမည်။
အမေရိကန်မှာ ကျား၊ မ ဟူ၍ လိင်နှစ်မျိုး- အမျိုးသားနှင့် အမျိုးသမီးဟူ၍ ရှိကြောင်း သတ်မှတ်လိုက်သည်။ အခြားလိင်အမျိုးအစားတွေ မရှိ။
ဗဟိုအကျဉ်းထောင်များရှိ လိင်ပြောင်းသူများအတွက် အကာအကွယ်များကို ဖယ်ရှားမည်။
အကောက်ခွန်နှင့် ကုန်သွယ်မှု
အမြဲတစေ ကုန်သွယ်မှုလိုငွေပြမှုနှင့် တရားမျှတမှုမရှိသော ငွေကြေးအရောင်းအဝယ်များ အပါအဝင် ကုန်သွယ်မှုဆိုင်ရာကို စုံစမ်းစစ်ဆေးမှုများ စတင်ရန် ဗဟိုအေဂျင်စီများကို တိုက်ရိုက်စုံစမ်းစစ်ဆေးရန်၊ ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုမှ အမေရိကန်သို့ မူးယစ်ဆေးဝါးများ စီးဆင်းလာမှုကို စစ်ဆေးရန် အမိန့်ထုတ်သည်။
2020 ခုနှစ်တွင် သမ္မတ Trump လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်ကို တရုတ်နိုင်ငံ၏လိုက်နာမှု ရှိမရှိတို့ကို အကဲဖြတ်ရန် နှင့် မူလ မြောက်အမေရိကလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အသစ်အစားထိုးရန်အတွက် 2020 ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက်ကို ပြန်လည် သက်ဝင်ရန် ပြင်ဆင်မည်။
ပြည်ပနှင့် အကောက်ခွန်နှင့် အခြားအခွန်များကောက်ခံရန် "ပြည်ပအခွန်ဝန်ဆောင်မှု" ဌာနသစ်တခု ဖန်တီးနိုင်ခြေကို ပြင်ဆင်ရန် အစိုးရအား အမိန့်ပေးသည်။
အမျိုးသားလုံခြုံရေးနှင့် ဆက်နွှယ်သော စည်းကြပ်ခွန်များ ထပ်မံရရှိခြင်း ရှိ၊ မရှိ အကဲဖြတ်ရန် အမေရိကန် စက်မှုနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြန်လည် စိစစ်မည်။
စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတုပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ ပါရီသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ရမည်။
အချို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို ဆိုင်းငံ့ထားရန် သို့မဟုတ် အချို့သော သတ္တုတူးဖော်ရေး ပရောဂျက်အချို့ကို အလျင်အမြန် ခွင့်ပြုနိုင်သည့် စွမ်းအားသစ်များကို ဖွင့်ပေးနိုင်သည့် အမေရိကန်သမိုင်းတွင် ပထမဆုံး အမျိုးသားစွမ်းအင် အရေးပေါ်အခြေအနေ ကြေညာမည်။
ဖက်ဒရယ်၏ ပင်လယ် ရေ အကျယ်အဝန်း ဧက ၆၂၅ သန်းအတွက် မစ္စတာဘိုင်ဒင်၏ ကမ်းလွန်တူးဖော်မှုအပေါ် တားမြစ်ချက်ကို ပြန်ပယ်ဖျက်မည်။
ကားများနှင့် အပေါ့စားထရပ်ကားများမှ လေထုညစ်ညမ်းမှုဆိုင်ရာ မီးခိုးထုတ်လုပ်မှုကို စည်းကြပ်သည့် Biden စည်းမျဥ်းစည်းကမ်းများကို စတင် ပယ် ဖျက်ခြင်းဖြင့် လျှပ်စစ်ကားများကို ပိုမိုထုတ်လုပ်ရန် တွန်းအားပေးခဲ့ သည့် စည်းမျဉ်းများကို အားပျော့စေသည်။
ပန်းကန်ဆေးစက်များ၊ ရေချိုးခေါင်းများနှင့် ဂက်စ်မီးဖိုများအတွက် စွမ်းအင်ထိရောက်မှုဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ရုပ်သိမ်းမည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရန် အလက်စကာပြည်နယ်ကို ပြန်လည် ဖြေလျော့မည်။
Biden အုပ်ချုပ်ရေးမှ ခေတ္တရပ်ထားခဲ့သော သဘာဝဓာတ်ငွေ့ရည်အတွက် ပို့ကုန် လမ်းကြောင်း ဂိတ်အသစ်များ၏ ပြန်လည် ဖွင့်ရန် စဉ်းစားမည်။
ကမ်းလွန်လေရဟတ်ခြံများအတွက် ဖက်ဒရယ်ကမ်းလွန်ဧရိယာများအတွင်း နေရာငှားရမ်းခြင်းကို ရပ်ဆိုင်းမည်။
ဆင်းရဲနွမ်းပါးသော လူတန်းစားများအတွက် လေထုညစ် ညမ်းမှုဒဏ်မှ ကာကွယ်ပေးရန် ရည်ရွယ်သည့် အစိုးရဌာနအားလုံး၏ သဘာဝပတ်ဝန်းကျင် တရားမျှတမှု အားပေးသည့် ထောက်ပို့အစီအစဉ်များကို ဖယ်ရှားပစ်မည်။
အထူးသဖြင့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ အနုမြူစွမ်းအင်၊ ရေအားလျှပ်စစ်နှင့် ဇီဝလောင်စာစွမ်းအင် အရင်းအမြစ်အမျိုးမျိုး၏ ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် အသုံးပြုမှုအပေါ် ချမှတ်ထားသည့် ပြည်ထောင်စု ၏ ကန့်သတ်စည်းမျဉ်းအားလုံးကို ပြန်လည်သုံးသပ်မည်။
TikTok ပိတ်ပင်ခြင်းကို ထရန့်က ပြန်လည် စဉ်းစားမည်။ လက်ရှိတွင် ပြန်ဖွင့်ရန် ဆိုင်းငံ့အမိန့်ပေးမည်။