Breaking News

စေတ - စစ်ကြီးပြီးတော့မှ

Art by Than Htay Maung
စစ်ကြီးပြီးတော့မှ
စေတ
(မိုးမခ) မတ် ၃၊ ၂၀၂၅

ငါတို့ကြုံနေရတာ 
တော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်း‌ရေး မဟုတ်ဘူး
ဒုတိယကမ္ဘာစစ်လည်းမဟုတ်ဘူး
အရင်းရှင်နဲ့ကွန်မြူနစ်ဖြစ်တဲ့ စစ်လည်းမဟုတ်ဘူး
အကြောင်းတရားနဲ့အကျိုးတရား
တခုနဲ့တခုတိုင်ပတ်နေတဲ့ ကာလယန္တရားတခုပဲ
အကြောင်းပြတ်မှ အကျိုးသတ်မယ့် စစ်
ကမ္ဘာစစ်ကြီးတွေ နဲ့
နျူကလီးယားစစ်ပွဲတွေကိုတော့
ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက 
တားဆီးကောင်း တားဆီးနိုင်လိမ့်မယ်
အရင်းစစ်တော့ 
အရင်းရှင်နယ်ချဲ့ရော ဆိုရှယ်နယ်ချဲ့ရော
တတိယနိုင်ငံတွေအပေါ်ဗိုလ်ကျစိုးမိုး 
အနိုင်ကျင့်တာချင်းကအတူတူပဲ
ငြိမ်းချမ်းရေးအတုကို ဖင်ခုထိုင်ပြီး
proxy war တွေခင်းကျင်းခဲ့တယ်
ခေတ်လွန် ဓာတု၊ ဇီဝပိုးမွှား၊ အနုမြူလက်နက်ဆန်းတွေဟာ 
လက်ဝဲလက်ယာနယ်ချဲ့ နှစ်ဖက်စလုံးရဲ့ ဈေးကွက်မှာ ရေပန်းစားနေတဲ့ product တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်
ဒုတိယကမ္ဘာစစ်အတွင်း 
ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီး မြို့ကြီးတွေကို
အနုမြူဗုံးကြဲချခဲ့တဲ့ ဗီဇဆိုးတွေရှိခဲ့ဖူးတာကို
ဂျပန်ပြည်သူတွေဘယ်တော့မှမမေ့ဘူး
ချေဂွေဗားရား မတရားပစ်သတ်ခံရတာ
အင်တာနေရှင်နယ် အစ်ဇင် international-ism
အသတ်ခံရတာနဲ့အတူတူပဲ
ဗီယက်နမ်စစ်မှာ အမေရိကန်စစ်ရှုံးရတဲ့ အကြောင်းရင်းတွေထဲ အမေရိကန်စစ်သားတွေ
မတရားတဲ့စစ်ကို ဆင်နွှဲနေရလို့ 
စစ်တိုက်ချင်စိတ်ပျောက်ဆုံးသွားတာလည်း
ပါတယ်
အခု အိမ်ဖြူတော်မှာ ဇလန်းစကီး ဟာ
အရမ်းဂေါ်ခဲ့တယ်
အခု ယူကရိန်းဟာ လက်ဝဲလက်ယာ အင်အားကြီးနှစ်နိုင်ငံရဲ့
အနိုင်ကျင့်ခံ နေရတယ်
ငါတို့မှာလည်း ထိုနည်းနှင်နှင် ဈေကွက်စီးပွားရေး ပင့်ကူနီတွေရဲ့ ထောင်ချောက်ထဲမှာကျရောက်နေရ
ငါတို့မှာ ငါတို့အချင်းချင်း
ရေမခြား မြေမခြားဘဲ လေဟာနယ်တခုခြားနေခဲ့ရ
အလက်ဇန္ဒား ဂရေဟမ်ဘဲလ် လည်း မကယ်နိုင်
မာ့က်ဇူကာဘတ်လည်းမကယ်နိုင်
ငါတို့မှာ ငါတို့အချင်းချင်း
လူကိုယ်တိုင်လည်း တွေ့လို့မရနိုင်
စာပို့လို့လည်းမရ
ငါတို့မှာ ငါတို့အချင်းချင်း
ဆက်သွယ်မှုကင်းမဲ့ဧရိယာမဟုတ်ဘဲ
ဆက်သွယ်မှုတွေ ပြတ်တောက်သွားခဲ့ရတယ်
တီနောလည်းမရ အိုရီဒူးလည်းမရ
မရ မရ ဘာဆင်းမ်ကဒ်မှ မရ
Wifi လည်းမရ
ဘာအင်တနက်လိုင်းမှ မမိ
ရတဲ့ စတားလင့်ခ် ဆိုတာကလည်း ဗဲရီးဒိန်းဂျားရပ်စ်ပဲ
အချိန်တွေ လေထဲအငွေ့ပျံ
ဒီကာလကြီးထဲ မသေအောင်နေကြ
အသက်တွေရှည်ဖို့ 
အသက်ကိုချွေတာ မွေးမြူကြ
ငါတို့ပြောနိုင်တာ တခုတည်း
"စစ်ကြီးပြီးမှ မသေရင် ငါတို့တွေ့ကြမယ်" ။      ။

၂-၃-၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar