Breaking News

စံညိမ်းဦး - မျက်ရည်မြို့သားတယောက်

Art by Aung Htet

မျက်ရည်မြို့သားတယောက်
စံညိမ်းဦး
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၅

မျက်ရည်မြို့သစ်တွေ တမြို့ပြီးတမြို့
မျက်ရည်ကလွဲလို့ ကုန်းကောက်စရာ ဘာတခုမှမရှိတဲ့
ကမ္ဘာကြီး။

ဒုက္ခတွေ ပင်စည်မနိုင်အောင် သီးနေတဲ့ သစ်ပင်အောက်
ဒုက္ခသီးက လွဲပြီး အဟာရဆိုလို့လည်း
တူးကျွမ်းနေတဲ့ ကန္တာရဆန်မှုကသာ ဟင်းလျာ။

အဆွေးညှောင့်စူးပြီး
အဆိပ်တက်လို့ မကွယ်ခင်
အလွမ်းသာလျှင် ယာဥ်ရှိခဲ့ပါတယ်။

၂၀၄၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar