နိုင်မွန်အောင်သွင် - ဦးခေါင်းမဲ့ပိုင်းလော့
ဦးခေါင်းမဲ့ပိုင်းလော့
နိုင်မွန်အောင်သွင်
(မိုးမခ) မေ ၁၆၊ ၂၀၂၅
လေယာဉ်မောင်းတဲ့ကောင်မှာ
ဦးခေါင်းမရှိဘူး။
သွေးသားအရင်းအချာ
ကိုယ်ချင်းစာစိတ်ရောမရှိတဲ့ကောင်မှာ
ဦးခေါင်းမရှိဘူး။
မလွယ်လှတဲ့အနာဂတ်ကိုမှ
ဘယ်လိုဆက်လွယ်ကြရမလဲ
မေးခွန်းလည်းမရှိ
အဖြေလည်းမရှိတဲ့ကောင်မှာ
ဦးခေါင်းမရှိဘူး။
မိုက်ရိုင်းပြီလူစိတ်မရှိတဲ့
လေယာဉ်မောင်းကဲ့ကောင်မှာ
ဘာဦးခေါင်းမှမရှိဘူး။
ဦးခေါင်းမဲ့ပိုင်းလေ့မောင်းသွားတဲ့လေယာဉ်ဟာ
ပျံတက်သွားပြီး
အောက်တန်းကျလှတဲ့ဗုံးတွေကျဲချသွားလိမ့်မယ်။
ခွေးစိတ်ရှိတဲ့ဦးခေါင်းကိုတော့
ခွေးတစ်ကောင်ကပဲ
မိန့်မိန့်ကြီးကိုင်ထားမှာပေါ့။
၁၃.၅.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar