Breaking News

ခိုင်မျိုး - ရွာထဲမှာ

Art by POS
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၂၃၊ ၂၀၂၅

တကယ့်အဖြစ်က
မနှစ်ကဩဂုတ်လ
ပြေးလာရတာပဲ
သံတွဲကနေရှစ်ဆယ်သုံးမိုင်
စာအုပ်ထဲမှာတော့
ကမ်းမြှောင်ဒေသမြို့ကလေးပေါ့
ကောင်းကင်‌ပေါ်ကမြို့ကလေးဆီ
ကြဲချလိုက်တာ
ဘာတွေလဲ
မြို့ငယ်လေးဟာမီးထဲမှာ
လောင်မြိုက်နေတာပါ့
ဂွတော့ကျပါပြီလေ
‌လေထဲဖြတ်လာတာ
မီးလောင်ဗုံးတွေလား
ငါတို့မှာ
ပြေးဖို့ခြေထာက်ကလွဲပြီး
ဘာမှအဖြစ်မရှိ
အပြစ်မရှိ
ပြာပုံအတိပြီးသောမြို့က
ငါတို့ပြေးခဲ့ရပါတယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar