ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၁)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၁)
မိုးမခ ၊ စက်တင်ဘာ ၂၀ ၊ ၂၀၂၆
နေဝင်းကို သူ့အောက်က စစ်ဗိုလ်ချုပ်တွေက တုန်နေအောင် ကြောက်ဆိုပဲ။ ဘယ်လောက်ကြောက်တုန်းဆို နေဝင်း ရှိစရာမလိုဘူး၊ နေဝင်းချေးပုံ ရှိရင်ကို တစ်ကောင်မှ မလှုပ်ရဲဘူးတဲ့။ ဟုတ်မှာပဲ၊ နေဝင်းမြေးတွေအထိကို တုန်နေအောင် ကြောက်ကြတဲ့ စစ်တိုင်းမှူးကြီးတွေ ရှိတယ်လေ။ အဲဒီကောင်တွေဆို ဘာကောင်မှလည်း မဟုတ်ဘူး။ ဘာရာထူးမှလည်း မရှိဘူး။ အဲဒါကို အသေကြောက်တာ။ သန်းရွှေကျမှပဲ နေဝင်းအမြီး တက်နင်းရဲတော့တာ။ နေဝင်း အားကိုးရတဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးပါ ရှင်းပစ်ပြီး သမီး၊ သမက်၊ မြေး စောက်ကျက်သရေတွေကို ထောင်ထဲ ထည့်လိုက်တာ။ အာဏာသိမ်းမှာသိလို့ ဖမ်းထောင်ချပေမဲ့ သေဒဏ်တော့ မပေးရဲဘူး။ နေဝင်းပါ အကျယ်ချုပ်ထားလိုက်တယ်။ တစ်ရက် တစ်ရက် အံကြိတ်ရင်း သေသွားရမှာပ။ နေဝင်းခမျာ သေတော့လည်း ပို့မဲ့သူမရှိ။ ဘယ်သွားသွားဆိုပြီး မတ်စေ့လေး ပါးစပ်ထဲ ထည့်လွှတ်လိုက်ပုံပါပဲ။
ဒါပေမဲ့ ဒီသုံးကောင်က ဖြိုးမင်းသိန်းကို အခြေပြုပြီး NLD လက်ထက်မှာ YBS နဲ့ စောက်ခွက်တက်ပြောင်လာကြတယ်။ ဝကခ စားပွဲပေါ် ခြေတော်တင်တယ် ကြားတာပဲလေ။ အာဏာသိမ်းတော့ အဲဒီကောင်တွေနဲ့ပေါင်းတဲ့ ဖြိုးမင်းသိန်းက ဒေါ်စုကို ဘာလုပ်လဲ။ ဒေါ်စုကို ပိုးစိုးပက်စက်ပြောတာလည်း အေးနေဝင်းအပြင် ဘယ်သူမှမရှိ။ တကယ်တော့ ဖြိုးမင်းသိန်းက သက်သက်ခိုင်ထက် အများကြီးဆိုးတာပေါ့။ ဒီသုံးကောင်က မအလ လက်ထက်မှာတော့ မဘသ အခြေပြုနိုင်ငံရေးလေးနဲ့ ခွေးက တက်လာထိုင်တာပေါ့လေ။
သန်းရွှေကို ခြူဆွဲပေးရဲတဲ့ မအလဟာ နေဝင်းကို ကြောက်စိတ်တော့ ရှိတဲ့သဘော။ ဒီလောက် ငွေငတ်နေတာကို ဒီနေဝင်းမြေး ခွေးသုံးကောင်က YBS ကားတွေအတွက် အခွန်တစ်ကျပ်မှ မဆောင်။ ယာဉ်သက်တမ်းလည်း မတိုး။ ရန်ကုန်မှာ ဝစ်သောက်ဘဝနဲ့ လိုင်းဆွဲနေတဲ့ကောင်တွေနော်။ ပေါ့သေးသေးတော့ မဟုတ်၊ မအလ ကြောက်ရမဲ့ နောက်ခံတော့ သေချာရှိတယ်။ ဒီကောင်တွေက ဒေါ်စုလက်ထက်ပဲ အခွန်ဆောင်တာ၊ ခွေးပုတော့ စာရင်းထဲ မထည့်။ ခွေးပုလည်း ဆန်ကုန်သည်၊ ရွှေကုန်သည်၊ ဆီကုန်သည် ဘာညာသာ ဟောင်လိုက် အူလိုက် ဆွဲလိုက် ကိုက်လိုက် လုပ်ရဲတာ။ ဒီကောင်တွေကိုတော့ ဆံပင်တောင် လေနဲ့မှုတ်ရဲပုံမရ။
ရန်ကုန်မှာ နေပြီး စစ်အုပ်စုကို ဗြောင် CDM လုပ်ရဲတာဆိုလို့ ဒီကောင်တွေပဲ ရှိတာနော်။ နေဝင်းသွေးမို့ ရဲသလားပဲ။ ယာဉ်အစီးငါးရာစာ အခွန်မဆောင်ဘဲ CDM လုပ်ရဲတာကိုတော့ မချီးကျူးလို့ မဖြစ်ဘူး။ နံပါတ်ပြားအသစ် လုပ်ခတွေလည်း CDM၊ အခွန်လည်း CDM၊ လိုင်းကားနဲ့ပတ်သက်သမျှ အကုန် CDM တာနော်။ ပြီးတော့ ဒီသုံးကောင်က သူတို့လိုင်းကားတွေနဲ့ပတ်သက်ပြီး ထုတ်သမျှ ဥပဒေတွေကိုလည်း မလိုက်နာခြင်းဖြင့် CDM သေးတာ။ တရားဝင် လိုင်းဆွဲခွင့်မရှိပေမဲ့ Omni Focus ပိုင် YBS တွေက ကိုယ့် CDM နဲ့ကို ဆက်ဆွဲနေတာတဲ့။ YBS ကုမ္ပဏီ ၂၁ ခုရှိတဲ့ထဲမှာ Omni Focus ကုမ္ပဏီကိုပဲ Operator License ကို CDM လုပ် ပြေးဆွဲနေတဲ့ ကုမ္ပဏီအဖြစ် သူရဲကောင်းမှတ်တမ်း တင်ထားသတဲ့။
ဒီကောင်တွေရှေ့ရောက်ရင် မအလဟာ အမြီးတောင် လှုပ်ရဲပါ့မလား မသိ။ ပြီးတော့ မအလ နေရာတကာ တပ်ချင်တဲ့ CCTV တောင် မတပ်ဘူးတဲ့၊ ဘာသဘောလဲ ဆိုတာ သိတယ်ဟုတ်။ ရန်ကုန်လှုပ်ရှားမှုတွေ ဘယ်ဘတ်စ်ကားပေါ်မှာ လုပ်လို့ရတယ်ဆိုတာ သိတယ်ဟုတ်။ အဲဒီလို မအလရဲ့ CCTV ကြီးကိုတောင် CDM တာနော်။ Omni Focus ကုမ္ပဏီက အခွန်ငွေ ကျပ် ၁ ဒသမ ၉ ဘီလီယံ CDM ထားတာနော်။ မအလရဲ့ဒေါက်တိုင် AYA Bank ရဲ့ အကြွေး ကျပ် ၇၆ ဘီလီယံတောင် တစ်ကျပ်မှမဆပ်၊ ပြတ်သားတယ်နော်။
အဲဒီလို အရင်ဝယ်တဲ့ ကားအကြွေး တစ်ကျပ်မှသာမပေးတာ၊ ယခု လျှပ်စစ်ဘတ်စ်လုပ်ငန်းသစ် ထပ်ချပေးဖို့ မအလကို ဟောင်နေလို့ မအလခမျာ ပြာပုံဘေးမှာ တအီအီ လုပ်နေသတဲ့။ အီဆို သူ့သမီးဟာ တက်နှိုက်တာလေ။ သူ့သမီးဟာဆိုလို့ တခြားတွေးမနေနဲ့၊ ဟိုကောင်တွေက မော်ဒယ်ဖလန်းလေးတွေမှ ဒန်းတာ။ လျှပ်စစ်ကားတွေက သူ့သမီး ခင်ပလီတိသက်မွန် အလုပ်အကိုင်တွေလေ။ အဲဒါကို တက်နှိုက်တယ် ပြောတာပါ။
မအလ ဘယ်လောက်ငတ်ကြီးကျနေနေ၊ ငါ့သားလေးရဲ့ ရတနာပုံဆိုက်ကိုစီတီးထဲ လာပြီးမြှုပ်နှံကြပါလို့ ဘယ်လောက်ဟောင်နေနေ၊ မြန်မာနိုင်ငံမှာ မအလ စစ်အာဏာသိမ်းလိုက်လို့ ယုံကြည်မှုတွေ ပျက်စီးသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဝင်ဖို့ မလွယ်တော့ဘူးလို့ စင်ကာပူ လွှတ်တော်အမတ်ဟောင်းနဲ့ နိုင်ငံတကာရေးရာပညာရှင်က ပြောလိုက်တယ်။
သူ ပြောသလိုပဲ မအလ ရောက်ရာအရပ်မှာ ဈေးဗန်းခင်းနေတဲ့ ရတနာပုံဆိုက်ကိုစီတီးထဲလည်း ဖရီးရရ မလာရဲကြ။ ဆိုက်ဘာစီတီး မဟုတ်ဘူးနော်၊ ဆိုက်ကိုစီတီးလို့ နာမည်ပြောင်းလိုက်ပြီ။ တွေ့တဲ့သူ သွေးသံရဲရဲ သွားကြီးဖြီးဖြီးပြပြီး ရတနာပုံဆိုက်ဘာစီတီး ဆိုက်ဘာစီတီးချည်း ပြောပြောနေလို့ လူတွေက ဆိုက်ကိုစီတီးလို့ ပြောင်ခေါ်ကြတဲ့နာမည်က တွင်သွားပြီ။ စလုံးပညာရှင်က စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက အန်ကယ်ကတော့ NO ပါ ဖြစ်သွားပြီတဲ့။
ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အမြတ်အစွန်း ရနိုင်၊ မရနိုင်ကိုသာ စဉ်းစားရတာ မဟုတ်တော့ဘဲ စစ်တပ်ကျောထောက်နောက်ခံပြု အာဏာပိုင်များနဲ့ ဆက်နွှယ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစားလာရတယ်တဲ့။ အေးလေ ချေးပေလက်ကို နှုတ်ဆက်ရင် ချေးလူးမှာကို မတွက်လို့မရ၊ ချေးနံ့နဲ့ လူထဲဘယ်လိုဝင်မလဲ စဉ်းစားကြည့်ပေါ့။ လာမြှုပ်နှံပြီး အခြေအနေမကောင်းရင်လည်း ပြန်ရောင်းလို့မရ။ ပြီးတော့ စစ်တပ်ရဲ့ ဥပဒေစည်းမျဉ်းဆိုတာလည်း အရူးချေးပန်းတွေမို့ အလုပ်မဖြစ်ပါတဲ့။
ဗိုလ်သိန်းစိန်၊ ဒေါ်စု ဆယ်စုနှစ်အတွင်း နိုင်ငံတကာရဲ့ ယုံကြည်မှုတချို့ ရရှိခဲ့ပေမဲ့ ခုတော့ လစ်သွားပြီတဲ့။ တကယ်တမ်းလည်း မအလ ကျကျနန ထိန်းချုပ်နိုင်တဲ့ အပိုင်သေချာ ခိုင်ရွှေဝါ တစ်နေရာမှ မရှိပါ။ အဟုတ်လည်း အလုပ်မဖြစ်ပါတဲ့။ တရုတ်နဲ့ ထိုင်းက ဘာလို့လုပ်လဲဆိုတော့ တရုတ်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်လုံခြုံရေးနဲ့ ကုန်သွယ်ရေး၊ မဟာဗျူဟာမြောက် သယံဇာတအကျိုးစီးပွားတွေ ရှိနေလို့တဲ့။ ထိုင်းကလည်း မြန်မာနဲ့ ကီလိုမီတာ ၂,၀၀၀ ကျော် နယ်စပ်ချင်းထိစပ်နေတဲ့အပြင် ဒုက္ခသည်တွေ ဝင်ရောက်လာတာ၊ ကုန်သွယ်ရေး ထိခိုက်လာတာ၊ ဆေးပြားနဲ့ ကျားဖြန့်တွေ ပေါ်ပေါက်လာတာတွေကို ရင်ဆိုင်နေရလို့ ပတ်သက်နေရတာလို့ ပြောတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့လည်း ကိုယ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရင် တိုးတက်လာတယ်လို့ မှတ်တဲ့။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့က ကုမ္ပဏီတွေက မြန်မာပြည်ထဲမှာ လုပ်ငန်းတွေ ဆက်လုပ်ကိုင်နိုင်ပေမဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ စတော့ရှယ်ယာဈေးကွက် စာရင်းဝင် ပြည်ပကုမ္ပဏီကြီးတွေအဖို့တော့ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူးတဲ့။ ကဲ ဘယ်ဂုဏ်ရှိသရေရှိ နိုင်ငံလာလို့ရမလဲ။ ချေးပေတွေနဲ့ မကင်းရာမကင်းကြောင်းတွေပဲ လာမှာပေါ့။
ခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းသွားတော့ ပြည်ပက ထောက်ပံ့ငွေတွေ ချေးငွေတွေကို အားကိုးနေလို့ရမှာမဟုတ်ဘဲ ပြည်တွင်းက ရှိရှိသမျှသော စွမ်းအားတွေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်ရမယ်၊ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရမယ်ဆိုပြီး ဟောင်ပါလေရောလား။
တစ်ခေတ်ပြန်လည်ဆန်းသစ်ရမယ်ဆိုတာက ဒေါ်စုက တစ်ခေတ်ဆန်းသစ်ထားတာ ရှိတယ်လေ။ အဲဒါကြောင့် ပြန်လည်ဆန်းသစ်မယ် ဟောင်တာ။ ဟောင်သာဟောင် ငကြောင် ဆိုတော့ ညောင်သံပဲ ထွက်တယ် မဟုတ်လား။ သူ ဘယ်လောက်ဖြဲဖြဲ၊ လာလည်း မမြှုပ်၊ တုတ်လည်း မထောက်၊ စောက်ဆံမချေးဆိုတော့ အူပြီ ဟောင်ပြီပေါ့။ ကြည့်ရတာ သူ့ပါပါတရုတ်ကြီးကိုက တယွမ်မှ မတွမ်တော့တာ ဖြစ်မယ်။
ထုတ်ကုန် ဆိုတာကလည်း စပါးပဲရှိတာ။ စပါးကလည်း တောင်သူလုပ်မှ ရတာလေ။ ခု မအလက တောင်သူတွေရဲ့ ရွာမှန်သမျှ စစ်ကြောင်းထိုး၊ အိမ်ရော တောင်သူသုံးပစ္စည်းရော မျိုးစပါးရော မီးလောင်တိုက်သွင်း၊ နွားတွေ့ရင် သတ်၊ လယ်စိုက်ရင် ဒရုန်းနဲ့ ဗုံးချ လုပ်နေတာ၊ ဘယ်စပါးက ပြန် တစ်ခေတ်ဆန်းနိုင်မလဲ။ ရေနစ်တာ ထည့်မပြောသေးဘူး။ စူပါအယ်လ်နီညိုနဲ့ ဒီကောင် အကုသိုလ်ပေါင်းမိရင် တိုင်းပြည်က ထောင်းလမောင်းကြေမှာရယ်။
ငလမက ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို ပြန်ပြောင်းလေ့လာကြည့်ရင် စီးပွားရေးကျဆင်းမှုကို အဓိကအခြေခံပြီး ဖြစ်ပေါ်ခဲ့ရတယ်လို့ ဟောင်တယ်။ မွဲလို့ငတ်လို့ ဖြစ်တယ်ပေါ့လေ။ အဲဒီတော့ ချမ်းသာအောင်လုပ်ရမယ်ပေါ့။ ဒီတိုင်းပြည်မှာက စစ်တပ် စောက်သုံးမကျလို့ချည်း ဖြစ်ရတာမဟုတ်လား။ ဒီလောက် သယံဇာတပေါတဲ့ကြားက မွဲတယ်ဆိုတော့ ဘယ်လောက် စောက်သုံးမကျလဲ တွေးကြည့်ဖို့တောင် မလိုတာ၊ မြင်နေရတာ။ သူတို့ပဲ အုပ်ချုပ်တာလေ။ ထာဝရ စောက်သုံးမကျတဲ့ကောင်တွေမို့ ဘယ်တော့မှလည်း ချမ်းသာလာမှာ မဟုတ်ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar